(ဆ)-အုတ်တွင်းမြို့နယ်၊ အခြေခံပညာ အထက် တန်းကျောင်းတွင် ကျောင်းဆောင်သစ် ဆောက် လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေး ခွန်း
2020-12-20
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်အခြေခံပညာ အထက်တန်းကျောင်းတွင် စုစုပေါင်း ကျောင်းသား/သူ ၂၄၁၉ ဦး ပညာသင်ကြားလျက်ရှိပြီး ကျောင်းဆောင်အနေဖြင့် ၈ ဆောင်ရှိပါကြောင်း၊ အလယ်တန်းကျောင်းတွင် စုစုပေါင်း ကျောင်းသား ၁၃၈၉ ဦး သင်ကြားလျက်ရှိပြီး စာသင်းခန်းဖြင့် ၁၈ ခန်းသာရှိပါကြောင်း၊ အထက်ပါ ကျောင်းသည် မြို့ပေါ်ရပ်ကွက် ၆ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၁၃ရွာမှ ပြည်သူလူထုများ၊ ကျောင်းသားကျောင်းသူများ မှီခိုနေသောကျောင်းဖြစ်ပါသည်။ ထို့ကြောင့် တိုးပွားလာသည့် လူဦးရေနှင့်အညီ ကျောင်းသားများ၊ စာသင်ခန်းအတွင်း ကြပ်ညှပ်ပြီးပညာသင်ကြား နေရသည့်အတွက် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။