(က)-မြန်မာနိုင်ငံကမှတ်ပုံတင်ခွင့်ပြုထားသောအများ ပိုင်ကုမ္ပဏီ၊ ကော်ပိုရေးရှင်းနှင့်ဟိုးလ်ဒိန်းများကိုမည် သည့်ဥပဒေနှင့်ထိန်းသိမ်းကွပ်ကဲမှုပြုလုပ်နေသည်နှင့် ယင်းကဲ့သို့ကုမ္ပဏီများအရေအတွက်မည်မျှရှိသည် ကိုသိလိုခြင်း တို့နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-20

ဦးကြည်သာ (ဂွ) မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများ ဈေးကွက်စီးပွားရေး စနစ်စတင်ပြီး ပေါ်ပေါက်လာသည့် ၁၉၈၉-၉၀ ခုနှစ်တွင်စပြီး မြန်မာနိုင်ငံ ကုမ္ပဏီများအများအပြား ပေါက်ပေါက်ခဲ့ပါကြောင်း၊ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင်‌့ ၂၀၀၈-၀၉ ခုနှစ် ခန့်တွင် ကုမ္ပဏီအများအပြား ဖြတ်သိမ်းသွားခဲ့ရခြင်းများ တွေ့ရပါကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရအသစ်လက်ထက်တွင် ကုမ္ပဏီများအများအပြား ထပ်မံပေါ်ပေါက်လာပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းအများကို ဆောင်ရွက်သည့်အခါတွင် တင်ဒါစနစ်ဖြင့် ဆောင်ရွက်စေခဲ့ကြောင်း၊ ယနေ့ မြန်မာနိုင်ငံတွင် ကုမ္ပဏီများနှင့်ပတ်သက်ပြီး ၁-၄-၂၀၁၄ ရက်နေ့က ပြဋ္ဌာန်းခဲ့သည့် The Burma Companies Act ဆိုသည့် အက်ဥပဒေတစ်ခုသာရှိပြီး ယင်းဥပဒေကို နိုင်ငံတော်ငြိမ်းဝပ်ပိပြားရေး တည်ဆောက်ရေးအဖွဲ့ လက်ထပ်တွင် ပြင်ဆင်ခြင်းကို အနှစ် ၈၉-၉၀ တစ်ခု ပြင်ဆင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယနေ့ထိ လည်း သုံးစွဲနေသည်ကိုတွေ့ရှိရပါကြောင်း၊ ၎င်းဥပဒေသည် ၁၉၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သော်လည်း ဥပဒေပေါင်း ရှစ်ကျူး အပါအဝင် ပုဒ်မပေါင်း ၄၀၀ နီးပါးရှိပြီး အလွန်ပြည်‌့စုံပါကြောင်း၊ မြန်မာနိုင်ငံတွင် ယခုအခါ ကုမ္ပဏီလိမိတက်၊ အများပိုင်ကုမ္ပဏီကော်ပရေးရှင်းနှင်‌့ ကိုယ်တွေ့ကုမ္ပဏီများ ပေါ်ပေါက်လျက်ရှိပါကြောင်း၊ ကုမ္ပဏီများနှင့် ပတ်သက်သည့် အက်ဥပဒေအဖြစ် The Burma Companies Act ၁၉၁၄ နှစ် ၎င်းတို့ကို ဖြေကြားသည့် ဥပဒေနှစ်ခုသာရှိပါကြောင်း၊ အဆိုပါ အက်ဥပဒေများမှာ Limited နှင့် UnLimited ကုမ္ပဏီများပါ ပြဋ္ဌာန်းချက်ဖြစ်သဖြင့် အများပိုင်ကုမ္ပဏီများ၊ ကော်ပရေးရှင်းများနှင့် ဟိုးလ်ဒိန်းများကို မည်သည့် ဥပဒေများနှင်‌့ သက်ဆိုင်ပါသနည်း၊ ယနေ့မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီလိမိတက်၊ အများပိုင်ကုမ္ပဏီ ကော်ပရေးရှင်းနှင်‌့ ဟိုးလ်ဒိန်းကုမ္ပဏီများ၏ အရည်အတွက် မည်မျှရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။