(ခ)-ခန္တီးမြို့နယ်၊ချင်းတွင်းမြစ်ကမ်းဘေး ကျောက်စိမ်း လုပ်ကွက်များတွင်မည်သည့်ကုမ္ပဏီများမှလုပ်ကိုင်ခဲ့ သည်၊လုပ်ကွက်တစ်ခုချင်းမှ ကျောက်စိမ်းမည်မျှစီရ သည်ကိုရာဖြတ်အဖွဲ့၏ မှတ်တမ်း နှင့်တကွသိ လိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
ခန္တီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေး ကျောက်စိမ်းလုပ်ကွက်များတွင် မည်သည့်ကုမ္ပဏီများမှ လုပ်ကိုင်ခဲ့ သည်၊ လုပ်ကွက်တစ်ခုချင်းမှ ကျောက်စိမ်းမည်မျှစီရသည်ကို ရာဖြတ်အဖွဲ့၏ မှတ်တမ်းနှင့်တကွ သိလို ခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိအနေဖြင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၅-၉-၂၀၁၅ ရက်နေ့ ရတနာမြေကို ပြန်လည်ပြင်ဆင်သတ်မှတ်ရန်မေးမြန်းခဲ့ရာတွင် သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကျောက်မျက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စီစဉ် ဆောင်ရွက်ထား သည့်အတွက် ပြန်လည်ပြင်ဆင်သတ်မှတ်ရန် အစီအစဉ် မရှိကြောင်းကိုဖြေကြားခဲ့ပါသည်။
ကျောက်စိမ်းလုပ်ကွက်များသည် တစ်ဧကလုပ်ကွက်ကို စက်ယန္တရားများ သုံးစွဲခွင့်ရရှိပါကြောင်း၊ ရွှေလုပ်ကွက်မှာ ဧက ၂၀ မှသာလျှင် စက်ယန္တရားများကို သုံးစွဲခွင့်ရှိပါကြောင်း၊ ရွှေလုပ်ကွက်လျှောက်ထားသည့် နေရာတွင် ယာမြေ၊ စိုက်ပျိုးမြေ၊ သုဿန်မြေများကို လျှောက်ထားခွင့်မရှိပါကြောင်း၊ ကျောက်စိမ်းဧရိယာအတွင်း ကျရောက်သည့် မြေများမှာ လျှောက်ထားခွင့်ရှိပါကြောင်း၊ ထို့ကြောင့် ဒီကျောက်စိမ်းအတွင်း ကျရောက်နေသော မြေကွက်များကို ကုမ္ပဏီများအနေဖြင့် ကျောက်စိမ်းလုပ်ကွက် လျှောက်ထားပြီး ရွှေတွေတူးနေသည်ဟု အများပြည်သူမှ သိနေပါ ကြောင်း၊ ဥပဒေအရ ကျောက်စိမ်းတူးရင်း ရွှေထွက်သည်ဆိုလျှင် ရွှေခံမြေကွက်ကို ပြန်ပြီးလျှောက်ထားရပါကြောင်း၊ ၎င်းအခွင့်အရေးကို အသုံးချပြီး ရွှေမထွက်သည့် နေရာများတွင် ကျောက်စိမ်းမထွက်သည့်နေရာ ကျောက်စိမ်းလုပ်ကွက် လျှောက်ထားပြီး ရွှေတူးနေခြင်းသည် အများပြည်သူအတွက် များစွာနစ်နာပါကြောင်း၊ မိမိတို့ ချင်းတွင်းမြစ်မှ ၅ မိုင်အတွင်း ကျောက်စိမ်းလုပ်ကွက် ချထားလုပ်ကိုင်နေသည့် ကျောက်စိမ်းများ၊ ကုမ္ပဏီများအနေဖြင့် ကျောက်စိမ်းရရှိမှုကို ရာဖြတ်မှတ်တမ်းအဖွဲ့၏ စာရင်းဇယားနှင့်တကွ သိရှိလိုပါကြောင်း မေးမြန်းပါသည်။