(ဃ)-သီပေါမြို့နယ်၊မိုးတေကျေးရွာအုပ်စု၊ နောင်သ ကြားကွင်းတွင်တည်ရှိသည့်လယ် မြေဧက(၂၀) ခန့် နှင့် တောင်ယာဧက (၂၀)ခန့်တို့ကို၁၉၉၅ခုနှစ် က၅၀၃တပ်ရင်းမှသိမ်းယူသွားခဲ့သဖြင့်မည်သည့် အချိန်တွင် ပြန်လည်စွန့်လွှတ်မည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
သီပေါမြို့နယ်၊ မိုးတေကျေးရွာအုပ်စု၊ နောင်သကြား ကွင်းတွင် တည်ရှိသော တောင်သူ နန်းရွက်ထွေး၊ ဦးအိုက်ပို၊ ဦးထွန်းကြည်၊ ဦးရွှေအေး၊ ဦးရင်ကွမ်ရုံ၊ ဦးလောဝ်ဟွမ်တို့အမည်များနှင့် လုပ်ကိုင်ခဲ့သော လယ်မြေ ၂၀ ဧကခန့်နှင့် တောင်ယာ ဧက ၂၀ ခန့်တို့သည် ၁၉၅၅ ခုနှစ်ခန့်က တပ်ရင်း ၅၀၃ ၏ သိမ်းယူ ခြင်းကို ခံခဲ့ရပါကြောင်း၊ အဆိုပါ နေရာသည် သီပေါ-နမ္မတူ ကားလမ်းမကြီးနံဘေး၊ ၅၀၃ တပ်ရင်းဧရိယာ ၏ တောင်ဘက် မာန်ကောင်း ဂေါ်ဒန်ကျောက်ထုတ်စခန်းကိုသွားရာလမ်းနှင့် ပန်လေရွာကို သွားရာလမ်း အကြားတွင် တည်ရှိပြီးတပ်၏ ဧရိယာနှင့်လည်း တစ်သီးတခြားစီတည်ရှိပါကြောင်း၊ ယခုအခါ တပ်မတော် က သိမ်းပိုက်ထားသော လယ်ယာမြေများကို မလိုအပ်ပါက မူလပိုင်ရှင်များကို ပြန်လည်ပေးအပ်နေသည်ကို သိရှိရသည့်အတွက် အဆိုပါလယ်ယာမြေများကိစ္စကို သက်ဆိုင်ရာ တပ်ရင်းရုံးကို သွားရောက်မေးမြန်းရာ တွင် မူလပိုင်ရှင်များလက်ကို ပြန်လည်လွှဲပြောင်းပေးရန်အတွက် အထက်ကိုတင်ပြထားသည်ကို သိရှိရပါ ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးချိန်အမီ မူလပိုင်ရှင် တောင်သူလယ်သမားများထံ ပြန်လည်စွန့်လွှတ်ပေးနိုင် ရေးအတွက် မည်သည့်အချိန်တွင် ပြန်လည်စွန့်လွှတ် ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။