(ဂ)-တောင်ကုတ်မြို့မှ သံတွဲမြို့သို့ သွယ်ယူသည့် (၆၆)ကေဗွီဓာတ်အားလိုင်းမှတစ်ဆင့်ရွှေလှေကျေး ရွာတွင် ဓာတ်အားခွဲရုံ တည်ဆောက်ပေးနိုင်ခြင်းရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
မိမိတို့ ရခိုင်ပြည်နယ်ကို နိုင်ငံတော်မဟာဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန်အတွက် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှစပြီး လုပ်ဆောင်ခဲ့သည်မှာ ယနေ့ဆိုလျှင် ရခိုင်တစ်ပြည်နယ်လုံးကို လျှပ်စစ်ဓာတ်အားရောက်ရှိနေပါသည်။ ၂၀၁၂-၁၃ မှ ဆောင်ရွက်ခဲ့သည့်အချိန်တွင် တောင်ကုတ်မြို့မှတစ်ဆင့် သံတွဲမြို့ကို ဆက်သွယ်လာသည့် ၆၆ ကေဗွီ ဓာတ်အားလိုင်းသည် ၅-၆-၂၀၁၄ မှာ သံတွဲမြို့ကို ရောက်ရှိပြီး အခုဒီမဟာဓာတ်အားလိုင်းထဲမှ ဓာတ်အားစနစ်ကို သုံးစွဲနေကြပြီဖြစ်ပါကြောင်း၊ ယခုလိုသုံးစွဲရာတွင် မဟာဓာတ်အားလိုင်းထဲမှ ဓာတ်အားကို နဂိုမူလသွယ်တန်းပြီးသား၊ ရှိပြီးသားဓာတ်အားလိုင်းထဲကို ထည့်ပေးထားခြင်းဖြစ်ပါကြောင်း၊ တောင်ကုတ်မှ သံတွဲကိုလာသည့် ၆၆ ကေဗွီဓာတ်အားလိုင်းသည် လမ်းတွင် ရွှေလှေဆိုသည့်ရွာကြီးကို ဖြတ်သွားရပါကြောင်း၊ ထိုရွှေလှေရွာကြီးကနေပြီးတော့လည်း သူဌေးရေအားလျှပ်စစ် စီမံကိန်းကိုလည်း ရွှေလှေရွာကြီးမှသွားပါကြောင်း၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းအတွက် လိုအပ်သည့် ၆၆ ကေဗွီလိုင်းကိုလည်း ရွှေလှေရွာမှတစ်ဆင့် ခုဆက်သွယ်လို့ပြီးသွားပြီဖြစ်ကြောင်း၊ ရွှေလှေရွာကြီးသည် တိုက်နယ် အဆင့်ရွာကြီးဖြစ်ပြီး အ.ထ.ကကျောင်း၊ ရဲစခန်း၊ တိုက်နယ်ဆေးရုံများနှင့် မြို့အဆင့်စည်ကားနေခြင်းဖြစ်ပါကြောင်း၊ ရွှေလှေရွာမှ တောင်ကုတ်ကလာသည့် ၆၆ ကေဗွီလိုင်းမှတစ်ဆင့် ဓာတ်အားခွဲရုံပြုလုပ်ပြီး ရွှေလှေရွာ၏ အနီးပတ်ဝန်းကျင် ကျေးရွာအုပ်စု ၁၂ အုပ်စု၊ ရွာပေါင်း ၄၀ ကို လျှပ်စစ်ဓာတ်အားပေးနိုင်မည်ဆိုပါက ကျေးရွာသူ/ကျေးရွာသားများ အနေဖြင့် ၂၄ နာရီလျှပ်စစ်ဓာတ်အားကို ခံစားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ရွှေလှေနှင့်နီးစပ်သည့် ပင်လယ်ကမ်းခြေကျေးရွာများဖြစ်သည့် ရေလုပ်ငန်းဖွံ့ဖြိုးရေး ကျေးရွာများတွင်လည်း အဓိက လိုအပ်ချက်ဖြစ် လောင်စာစွမ်းအင်ကိုလည်း လျှပ်စစ်မှ အသုံးပြုရလျှင်လည်း ထင်း၊ မီးသွေးတို့ အပိုမကုန်ပဲ သစ်တောပြုန်းတီးမှုကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားကိုရမည်ဆိုလျှင် အိမ်သုံးလျှပ်စစ်အနေနှင့် မဟုတ်ဘဲ စက်မှုလုပ်ငန်းငယ်လေးများကိုပါ လုပ်နိုင်လာသည့်အတွက် ဒေသအနေနဲ့ ဖွံ့ဖြိုးလာမည်လည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရွှေလှေကျေးရွာကြီးတွင် ဓာတ်အားခွဲရုံထိုင်ပြီး ၆၆ ကေဗွီဓာတ်အားလိုင်းမှ တစ်ဆင့် ဓာတ်အားခွဲရုံပြုလုပ်ပြီး ပတ်ဝန်းကျင်ကျေးရွာအုပ်စု ၁၂ အုပ်စု၊ ကျေးရွာပေါင်း ၄၀ ကိုလာမည့် အခု ၂၀၁၅-၁၆ ဖြည့်စွက်ဘဏ္ဍာရန်ပုံငွေ သို့မဟုတ် လာမည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဓာတ်အားခွဲရုံကို ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။