(ဂ)-မြန်မာနိုင်ငံတွင် ငွေကြေး လဲလှယ်နှုန်း အမျိုး မျိုးဖြစ်နေသည်ကို သိရှိခြင်းရှိ၊မရှိသိရှိပါကထိုကဲ့ သိုဖြစ်နေခြင်းသည် ကောင်းမွန်မှု ရှိ၊ မရှိ နှင့်မရှိ ပါက မည်ကဲ့သို့ ပြုပြင် ဆာင်ရွက်မည်ကို သိ လိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
ကမ္ဘာ့ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာမှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီး ငွေကြေးဈေးနှုန်းများ ကျဆင်းနေသည်ကို တွေ့ရှိရသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း မြန်မာ့ငွေကြေးဈေး ကွက်မှာ မြန်မာကျပ်ငွေတန်းဖိုးကျဆင်းနေသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် ကာလတိုအတွင်း မြန်မာကျပ်ငွေဈေးနှုန်းသည် ကမ္ဘာ့နိုင်ငံများ၏ ငွေကြေးကျဆင်းမှုနှုန်းနှင့် နှိုင်းဆမည်ဆိုပါက မြင့်မားနေသည်ဟု ယူဆမိပါကြောင်း၊ ငွေကြေးကျဆင်းမှုနှုန်း အကျိုး ဆက်အနေဖြင့် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်လာပြီး ကုန်ဈေးနှုန်းများကြီးမြင့်မှာကို ပြည်သူများ စိုးရိမ်ပူပန်နေကြပါကြောင်း၊ ဒုတိယအကျိုးဆက်အနေဖြင့် မြန်မာ့ငွေဈေးကွက်၏ ငွေလဲနှုန်း ဗဟိုဘဏ်၏ ရည်ညွှန်းဈေးနှုန်းများ၊ ပို့ကုန်သွင်းကုန်လောက၏ ငွေလဲလှယ်နှုန်းများ တူညီခြင်း မရှိသည်ကိုတွေ့ရှိပါကြောင်း၊ ထို့ကြောင့် (က) မြန်မာနိုင်ငံမှာ ငွေလဲလှယ်နှုန်းအမျိုးမျိုး ဖြစ်နေတာကို သိရှိခြင်းရှိ/မရှိ။ (ခ) ထိုကဲ့သို့ ဖြစ်ပေါ်နေခြင်းသည် ကောင်းမွန်မှုရှိ/မရှိ၊ ကောင်းမွန်မှု မရှိပါက မည်ကဲ့သို့ ပြုပြင်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။