(ဃ)-မာန်အောင်မြို့နယ်တွင် မွေးမြူရေး၊ ရေလုပ် ငန်းဘဏ်ခွဲ သို့မဟုတ် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်း ဘဏ်ခွဲနှင့် အခြားပုဂ္ဂလိက ဘဏ်ခွဲ တစ်ခုခုဖွင့်လှစ် ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း
2020-12-20
မာန်အောင်မြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲတစ်ခုသာ ရှိသည့်အတွက် လစာငွေများ၊ ဘဏ်စုငွေများ၊ ပင်စင်များအပြင် တင်ဒါစနစ်ဖြင့် တည်ဆောက်နေသော ကုမ္ပဏီများမှာ လမ်း၊ တံတား၊ လေယာဉ်ကွင်း၊ ကျောင်းများအပြင် မြို့တော်ခန်းမ၊ လှည်းကူးဆိပ်ကမ်းတံတားနှင့် ဌာနဆိုင်ရာအဆောက်အဦးများပါ ဆောက်လုပ်နေကြရာ ဘဏ်ခွဲတစ်ခုတည်းနှင့် မနိုင်မနင်းဖြစ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ မာန်အောင်မြို့တွင် မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်ခွဲ သို့မဟုတ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဘဏ်ခွဲ သို့မဟုတ် အခြားပုဂ္ဂလိကဘဏ်တစ်ခုခု ဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။