(ဃ)-ပြည်သူ့ဘဏ္ဍာငွေများဖြင့်ဆောက်လုပ် သည့် ကျောင်းဆောင်များ ဆောက်လုပ်ရာတွင် အရည်အသွေးမပြည့်မီသောFoundationများပြုလုပ် သည့်ကုမ္ပဏီများအားအရေးယူခြင်းများဆောင်ရွက် ရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-20

ဦးအောင်သိန်းလင်း (တောင်ဥက္ကလာပ)၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်သူ့ဘဏ္ဍာငွေဖြင့် မိမိတို့တောင်ဥက္ကလာပမြို့နယ်ကို ကျောင်းဆောင် ၁၄ ဆောင် ဆောက်လုပ်ခွင့်ရရှိခဲ့ပါကြောင်း၊ အဆိုပါကျောင်းဆောင်များနှင့် အမှတ်(၄) အထက်တန်းအတွင်း ဆောက်လုပ်လျက်ရှိသည့် ၁၉၀ ပေ ၃၀ RC နှစ်ထပ်ကျောင်းဆောင်၏ Foundation တည်ဆောက်မှုကို မြို့နယ်အရည်အသွေးစစ်ဆေးရေး ကုမ္ပဏီမှ ၁၃-၁၂-၂၀၁၄ ရက်နေ့တွင် စစ်ဆေးသည့်အခါတွင် Foundation မှာ Ground Beam မပါရှိခြင်း၊ Foundation လိုင်းများမှ ၁၈ လက်မ အုတ်ကျိုးများစီရမည့်အစား သဲအိတ်များစီပြီး ဆောင်ရွက်ထားခြင်းများ တွေ့ရှိရပါကြောင်း၊ ဆောက်လုပ်သည့် မြေနေရာတွင် ကန်စွန်းခင်း‌မြေပျော့ဖြစ်သည့်အတွက် ရေရှည်တည်တံ့ခိုင်မြဲမှုမရှိပဲ ပြိုပျက်သွားမည်ဟု သုံးသပ်ရပါကြောင်း၊ မေးခွန်း(၁) ပြည်သူ့ဘဏ္ဍာငွေများဖြင့် ဆောက်လုပ်သည့် ကျောင်းဆောင်များအား ကန်ထရိုက်ရရှိသည့် ကုမ္ပဏီများမှ ဆောက်လုပ်ရာတွင် ဆောက်လုပ်သည့် ကျောင်းဆောင်များ၏ အရည်အသွေးကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနမှ မည်ကဲ့သို့ကြပ်မတ် စစ်ဆေးပြီး၊ မည်ကဲ့သို့တာဝန်ယူမည်ကို သိလိုပါကြောင်း၊ မေးခွန်း(၂) အသစ်ဆောက်လုပ်သည့် ကျောင်း ဆောင်များ၏သက်တမ်းကို မည်မျှသတ်မှတ်သည်ကိုလည်းသိလိုပါကြောင်း၊ မေးခွန်း(၃) အရည်အသွေး မပြည့်မီသော Foundation မှပြုလုပ်သည့် ကုမ္ပဏီများကို Black List သွင်းခြင်း၊ သက်တမ်းပြန်လည် အပ်နှံစေခြင်း စသည့်အရေးယူခြင်းမျိုး ဆောင်ရွက်ရန်အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။