(ဂ)-အဖြူရောင်ယာယီသက်သေခံကတ်ကိုင်ဆောင် ထားသူများသည်ပန်းရောင်နိုင်ငံသားစိစစ်ရေးကတ် ကိုကိုင်ဆောင်ခွင့်ရပြီးဖြစ်၍၎င်းတို့အားမြန်မာနိုင်ငံ အတွင်း အခြားနိုင်ငံသားများနည်းတူ လွတ်လပ်စွာ သွားလာခွင့်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-20
မိမိတို့မြန်မာနိုင်ငံတွင် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ ယာယီသက်သေခံကတ် အဖြူကတ် များကို နိုင်ငံသားအဖြစ် စိစစ်နေပါကြောင်း၊ နိုင်ငံသားဖြစ်လာချိန်တွင် အဆိုပါ နိုင်ငံသားများ အနေဖြင့် နိုင်ငံသားအခွင့်အရေးရရှိရှိပြီး ၎င်းတို့ဆန္ဒရှိရာ ဒေသများသို့ သွားလာနိုင်ရန်အတွက် နိုင်ငံသားဥပဒေအရ အခွင့်အရေးပေးသင့်ပါကြောင်း၊ ထို့ကြောင့် ယခင်က အဖြူ ရောင်ကတ် သက်သေခံကတ်ကို ကိုင်ဆောင်ထားသူများအနေဖြင့် နိုင်ငံသားဥပဒေအရ ပန်းရောင် နိုင်ငံသားကတ်ကို လွှဲပြောင်း ကိုင်ဆိုင်ခွင့်ရသည့် နိုင်ငံသားအဖြစ်သို့ အသိအမှတ်ပြုခံရပြီဖြစ်ရာ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအတွင်း အခြားနိုင်ငံသားနည်းတူ လွတ်လပ်စွာသွားလာနိုင်ခွင့်ရှိ/မရှိ သိလိုပါကြောင်းနှင့် ပြုနိုင်ငံသားများအနေဖြင့် အဆိုပါအခွင့်အရေးကို ရရှိနိုင်ခြင်းရှိ/မရှိသိရှိလိုပါကြောင်းမေးမြန်းပါသည်။