(ခ)-ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်မှချင်းပြည် နယ်၊ပလက်ဝမြို့နယ်သို့မဟာဓာတ်အားလိုင်းသွယ် တန်းပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ပလက်ဝမြို့နယ်၏ မြောက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်၊ တောင်ဘက်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တို့နှင့် နီးစပ်ပါကြောင်း၊ ကျောက်တော်မြို့နှင့်မိမိတို့ ပလက်ဝသည် ရေလမ်းအားဖြင့် မိုင် ၄၀ ရှိပြီး ကုန်းပေါ်ကားလမ်းအားဖြင့်ဆိုလျှင် ၃၃ မိုင်သာရှိပါကြောင်း၊ ယခုအခါတွင် မိမိတို့ မဟာဓာတ်အားလိုင်းသည် ရခိုင်ပြည်နယ်မြို့ အားလုံးအပြင် ကျောက်တော်ကိုလည်းရောက်နေပါကြောင်း၊ ကျောက်တော်မှတစ်ဆင့် ပလက်ဝမြို့သို့ သွယ်တန်းနိုင်ရန် ပလက်ဝမြို့ပေါ်ရှိ ရပ်ကွက်များအပြင် အရှေ့ဘက်တွင် ခလရ (၂၈၉) တပ်မြို့ရှိပါကြောင်း၊ နောက် အိန္ဒိယ-မြန်မာ အေရှားဆိုသည့် သင်္ဘောဆိပ်လည်း ယခုဆောက်လုပ်ပြီး ဖြစ်နေပါကြောင်း၊ ထို့နောက် မြို့အနီးအနားရှိ ကျောက်တော်- ပလက်ဝလမ်း တစ်လျှောက်တွင်လည်း ကျေးရွာအများကြီးရှိပါကြောင်း၊ ထို့ကြောင့် ပလက်ဝမြို့နယ် ပြည်သူများမှ မဟာဓာတ်အားလိုင်း လုပ်ပေးမည့် အစီအစဉ်ရှိ/မရှိကို လည်း သိလိုပါကြောင်း မေးမြန်းပါသည်။