(ဇ)-ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့၊မြို့မ ရပ်ကွက်၊ဗိုလ်ချုပ်အောင်ဆန်းလမ်း၊မ(၂၉၂)ရှိဆစ်ခ် ဘာသာဝင်များ၏ခါလ်ဆာကျောင်းအားပညာရေးဝန် ကြီးဌာနသို့ငှားရမ်းပေးခဲ့ရာဆစ်ခ်ဘုရားကျောင်းဂေါ ပက/ကော်မတီသို့ပြန်လည်ပေးအပ်ရန်နှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-20

ဒေါ်နန်းဝါနု (ကွန်ဟိန်း)ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မ(၂၉၂) မြေစာရင်း ဦးစီးဌာနအကွက် အမှတ်(၃၅) ဦးပိုင်အမှတ်(၃၂၀) မြေကွက်အမှတ်(၂၀၈)ရှိ ဧရိယာ ဝ.၂၄၈ စတုရန်းပေ ၁၀၈၀ စု မြေဥပစာနှင့် ခါလ်ဆာကျောင်းအဆောက်အဦရှိပါကြောင်း၊ အထက်ပါ ခါလ်ဆာ ကျောင်းအဆောက်အဦကို စတင်ချပေးစဉ်ကပင် မြေခွန်တော်အမှုတွဲ အမှတ်(၅၀) အရ အိန္ဒိယမျိုးနွယ်ဝင် ဆစ်ခ် ဘာသာဝင်များ၏ ဆစ်ခ်ဘုရားကျောင်း ဂေါပက အမည်ပေါက်ခြင်း၊ စတင်ငှားရမ်းချိန်ကစ၍ ယနေ့အချိန်ထိ တစ်လလျှင် ငှားရမ်းခငွေ ၂၇၅ ကျပ်နှုန်းဖြင့်သာရရှိခြင်း၊ ထိုအဆောက်အဦသည် နှစ်ပေါင်း ၄၇ နှစ် ကျော်ကြာမြင့်ပြီး သံချောင်းများမပါ၊ ရွှံ့ကျောက်များဖြင့်သာ အသုံးပြုခဲ့ခြင်း၊ လွန်ခဲ့သည့် ငါးနှစ်ခန့်က ပေ ၃၀ ခန့်အထိ အက်ကွဲပျက်စီးခဲ့သည်ကို ယာယီသာ ဖာထေးပေးခဲ့ရခြင်းတို့ကြောင့် အချိန်မရွေးပြို ကျနိုင်ခြင်းနှင့် စိုးရိမ်ဖွယ်အနေအထားသို့ ရောက်ရှိနေပါသောကြောင့် အဆိုပါဥပစာနှင့် အဆောက်အဦကို မူလပိုင်ရှင်ဖြစ်သော အိန္ဒိယမျိုးနွယ်ဝင်ဆစ်ခ် ဘာသာဝင်များ၏ ဆစ်ခ်ဘုရား ကျောင်းဂေါပကသို့ ပြန်လည်ပေးအပ်နိုင်ခြင်း ရှိ/မရှိနှင့် ပြန်လည်ပေးအပ်နိုင်ခြင်း မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်း ပါသည်။