(ဂ)-မလှိုင်မြို့နယ်အတွင်းမိတ္ထီလာ-မြင်းခြံလမ်းပေါ်ပေ ၄၀၀ခန့် အရှည်ရှိချောင်းဖြတ်ကွန်ကရစ်တံတားအ နိမ့်တစ်စင်း တည်ဆောက်ပေး ပါရန်အစီအစဉ်ရှိ၊မ ရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မိမိတို့မြို့နယ်သည် မိတ္ထီလာနှင့်မြင်းခြံလမ်း အလယ်တွင်တည်ရှိပြီး အဓိက မြင်းခြံနှင့် ချင်းတောင်ဘက်မှ ကုန်ပစ္စည်းများစီးဆင်းရာ စက်ရုံအလုပ်ရုံကြီးများလည်း ရှိသည့်အတွက် မြင်းခြံဘက်မှ စီးဆင်းရာဒေသလည်း ဖြစ်ပါကြောင်း၊ ယခု ရေချိုချောင်းအပေါ်တွင် သင်ပုန်းဆည်ဆိုတာ ရှိပါကြောင်း၊ ၎င်း ဆည်မှ ဝမ်းတွင်း၊ နွားထိုးကြီး စသည့်နေရာများရှိ ဆည်များကို ရေဖြည့်ပေးသည့် နေရာကနေ ဖြတ်ချောင်းလည်းဖြစ်ပါကြောင်း၊ ရေ အမြဲတမ်း ၁၂ လလုံးရှိပြီး အမြဲတမ်း ၂၄ နာရီရေစီးသည့် နေရာလည်းဖြစ်ပါကြောင်း၊ ယခုချောင်းအနေနှင့် ရှေးယခင် အခါတုန်းက သဲချောင်းဖြစ်ပြီး ကားများနစ်တာ၊ အမြဲတမ်း ကားများပါရှိသွားခြင်းဖြစ်ပါကြောင်း၊ အဲဒီနောက် ရေကျော်ပြုလုပ်ပေးသည့်အတွက် သက်သာခဲ့ပါကြောင်း၊ သို့သော်လည်း မိုးရာသီကျရောက်သည့် အခါတွင် ဟိုဘက်ဒီဘက် ကမ်းလုံးပြည့် ကားရပ်ဆိုင်းပြီး ၂ ရက်၊ ၃ ရက် ဆိုင်းစောင့်စားရသည့် အခြေအနေမျိုးလည်း ကြုံခဲ့ရဖူးပါကြောင်း၊ ထို့ကြောင့် ဒီချောင်းနှင့်ပတ်သက်၍ တံတားထိုးပေးရန် အစီအစဉ်ရှိမရှိနှင့် တံတားထိုးသည့် နေရာတွင်လည်း နိုင်ငံတော်အနေနှင့် ဘဏ္ဍာငွေသက်သာအောင် တံတားအနိမ့်အမျိုးအစားထိုးပေးရန်အတွက် မေးမြန်းရခြင်းဖြစ်ပါသည်။
မလှိုင်မြို့နယ်အတွင်း မိတ္ထီလာ- မြင်းခြံလမ်းပေါ်တွင် မလှိုင်မြို့နယ်အပိုင်းမှာ ရေချိုချောင်းရှိ၍ အဆိုပါချောင်းသည် မိုးရာသီတွင် ရေကြီးမှုများရှိပြီး ခရီးသွားလာမှု ရပ်ဆိုင်းရခြင်းများ အမြဲဖြစ်လေ့ရှိပါသဖြင့် သွားလာရေးအခက်အခဲအမြဲတွေ့ရှိရပါကြောင်း၊ သို့ပါ၍ ပေ ၄၀၀ ခန့်အရှည်ရှိ အဆိုပါချောင်းဖြတ် ကွန်ကရစ်တံတား အနိမ့်တစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။