(ခ)-လယ်ယာစိုက်ပျိုးရေးနှင့်စိုက်ပျိုးရေးဦးစီးဌာနပိုင် မဟာအောင်မြေ မြို့နယ်ရှိ မြေဧရိယာ(၇.၉၀)ဧက အားပြင်ပဌာနဆိုင်ရာများမှအဆောက်အဦဆောက် လုပ်နေရာချထားမှုတို့သည်တရားဥပဒေများ နှင့်အ ညီဆောင်ရွက်နေခြင်း ဟုတ်၊ မဟုတ်သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
လယ်ယာစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေး ဦးစီးဌာနပိုင် မဟာအောင်မြေ မြို့နယ်၊ အကွက်အမှတ်(ဓ-၁၀) မြေကွက်ပေါ်ရှိ မြေဧရိယာ (၇.၉၀)ဧကအား ပြင်ပဌာနဆိုင်ရာများက ဝင်ရောက်တိုင်းတာခြင်း၊ အဆောက်အဦ ဆောက်လုပ်နေရာ ချထားမှုတို့ ပြုလုပ်နေခြင်းသည် တရားဥပဒေနှင့်အညီ နည်းလမ်းတကျဆောင်ရွက်နေခြင်း ဟုတ်၊ မဟုတ် သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
မန္တလေးမြို့၊ မဟာအောင် မြေမြို့နယ်ရှိ (ဓ-၁၀)မြေဧက ၇.၉ ဧကသည် မူလက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနပိုင်မြေဖြစ်သော်လည်း ၁၉၉၅-၁၉၉၆ ခုနှစ်က ဦးအိုက်စိုက်၊ ဦးစန်းဝေချင်းနှင့် ဦးကျော်ဝေ(ခေါ်)ဦးစန်းဝေဝါတို့က မြေဂရန်လျှောက်လာသည့်အတွက် ယင်းတို့သုံးဦးအား မြေဂရန်အငှားချထားပေးခဲ့ပါကြောင်း၊ ၁၉၉၈ ခုနှစ်တွင် စိုက်ပျိုးရေး အငြိမ်းစားဝန်ထမ်းများက အဆိုပါမြေသည် လယ်ယာစိုက်ပျိုးရေး ဦးစီးဌာနပိုင်မြေဖြစ်ကြောင်း ပြန်လည် တင်ပြလျှောက်ထားခံသည့်အတွက် မြေဂရန်ကို ပြန်လည်ပယ်ဖျက်ပေးခဲ့ပါကြောင်း၊ တစ်ဖန် ဦးစန်းဝေဝါနှင့် အပေါင်းပါသုံးဦးက မြေဂရန်ကို ပြန်လည်ရရှိလိုကြောင်း လျှောက်ထားရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပြီး ပြန်လည်ပေးအပ်ရန် ပြန်လည် ချထားပေးခဲ့ပါကြောင်း၊ ထိုသ့ို့ ပြန်လည် နေရာချထားပေးခြင်းသည် ဥပဒေနှင့်ညီညွတ်ခြင်းရှိ/မရှိကို မေးမြန်းခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးအဖွဲ့က ပြန်လည်နေရာချထားခြင်းမဟုတ်ဘဲ စိစစ်ညှိနှိုင်းနေခြင်းဖြစ်ကြောင်းကို ပြန်လည်ဖြေကြားခဲ့ပါကြောင်း၊ သို့သော် လယ်ယာ စိုက်ပျိုးရေးဦးစီးဌာနက အငြိမ်းစားဝန်ထမ်းများက အဆိုပါမြေကွက်အပေါ်တွင် လေးထပ်တိုက်နှစ်လုံး ဆောက်လုပ်ရန် ပြီးစီးလုနီးပါးဖြစ်နေသည့်အပြင် ပြင်ပဌာနကပုဂ္ဂိုလ်များကလည်း မြေတိုင်းခြင်းများ လာရောက်လုပ်ဆောင်နေသည်များကို သိရှိရပါကြောင်း၊ ထို့ကြောင့် အဆိုပါ (ဓ-၁၀) ၇.၉ ဧကပေါ်တဆောက်လုပ်ထားသော အဆောက်အဦနှစ်လုံးသည် တရားဥပဒေနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိနှင့် စနစ်တကျဆောင်ရွက်ထားခြင်း ဟုတ်/မဟုတ်သိရှိလိုပါကြောင်းမေးမြန်းပါသည်။