(ခ)-တရားဝင်တင်သွင်းလာသော မော်တော်ဆိုင် ကယ်များကိုလိုင်စင်(ဝှီးတက်)၊ အုံနာဘုတ်ပေးရာ တွင်ကြန့်ကြာနေပါသဖြင့်ယာဉ်တိုက်မှုများ ဖြစ်ပွား ပါကလိုင်စင်မဲ့(သို့)လိုင်စင်ရှိကိုမည်သို့သတ်မှတ်ပြီး၊ မည်သို့ ဆောင်ရွက်မည်ကိုသိလိုခြင်း နှင့်စပ်လျဉ်း သည့် မေးခွန်း
ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော ခေတ်စနစ်နှင့်အညီ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုများပါမကျန် မော်တော်ဆိုင်ကယ်စီးနင်းမှုများလည်း တိုးမြင့်လာလျက်ရှိ၍ ထိုကဲ့သို့တိုးတက်များပြားလာသော ဆိုင်ကယ်စီးနင်းမှုများနှင့်အတူ ယာဉ်တိုက်မှုများမှာလည်း နေ့စဉ်နှင့်အမျှကြားသိနေရပါကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားပါက မော်တော်ဆိုင်ကယ် လိုင်စင် ရှိ/မရှိကို အရင်ဆုံးဖြေရှင်းဆောင်ရွက် ရပါ ကြောင်း၊ ယခုအခါ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တရားဝင်အခွန်ဆောင်ပြီး တင်သွင်း လာသော မော်တော် ဆိုင်ကယ်များကို အရောင်းကိုယ်စားလှယ်များက ပုဂ္ဂလိကဘဏ်များနှင့်ချိတ်ဆက်ပြီး လက်ငင်း သို့မဟုတ် အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိမေးမြန်းလိုသည်မှာ (၁) နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တရားဝင်တင်သွင်း လာသော မော်တော်ဆိုင်ကယ်များကို လိုင်စင် ၊ ဝှီးတက်၊ Owner Bookများ ထုတ်ဝေရာတွင် ၂ လနှင့်အထက် ကြန့်ကြာနေသည်မှာ မည်သည့် အတွက်ကြောင့် ဖြစ်သည်ကိုလည်းကောင်း၊ (၂) ထိုကာလအတွင်း မတော်တဆယာဉ်တိုက်မှုဖြစ်ပွားပါက လိုင်စင်မဲ့ သို့မဟုတ် လိုင်စင်ရှိဟု သတ်မှတ်ပါပြီလား။(၃) လိုင်စင်မဲ့ဟု သတ်မှတ်မည်ဆိုပါက တရားဝင်မော်တော်ဆိုင်ကယ်ဝယ်ယူစီးနင်းသော အများပြည်သူများအတွက် နိုင်ငံတော်မှ မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။