(ဂ)-မော်တော်ယာဉ်များတွင် လေအေးပေးစက်များ ထိရောက်မှုရှိစေရန်နှင့်(UV)ခရမ်းလွန်ရောင်ခြည်နေ ပူဒဏ်ကာကွယ်ရန်မှန်များတွင် နေရောင်ကာTintet Stickerများကိုမည်သည့်ရာခိုင်နှုန်းအထိတပ်ဆင်ခွင့် ရှိကြောင်းသိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-20

နိုင်ငံခြားမှ တင်သွင်းသည့် အချို့ကားများသည် မူလနေရောင်ကာမှန် ပါဝင်ပြီး မပါသည့်ကားများ ကို နေရောင်သက်သာအောင် စတစ်ကာများ တပ်ဆင်အသုံးပြုလျက်ရှိပါကြောင်း၊ ၎င်းတပ်ဆင်ခြင်းနှင့် ပတ်သက၍ အချို့ဒေသများတွင် ရဲလာ ဖမ်းခြင်းများ ရှိပါကြောင်း၊  လိုင်စင်ဝင်သည့် အခါတွင် လည်း စတစ်ကာများကို တချို့လိုင်စင်ရုံးက ခွာခိုင်းပြီး၊ တချို့ရုံးက ခွာခိုင်းခြင်းမရှိပါ ။သို့ပါ၍ မော်တော် ယာဉ်များတွင် လေအေးပေးစက်များ ထိရောက်မှုရှိစေရန်  UV ခရမ်းလွန်ရောင်ခြည် နေပူဒဏ်ကို ကာကွယ်ရန်၊ မှန်များမှာ နေရောင်ကာစတစ်ကာများကို တပ်ဆင်ခွင့်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။