(ခ)-ပလက်ဝမြို့နယ်၏အရှေ့မြောက်ဘက်အိန္ဒိယ နယ်စပ်ဒေသရှိ ပထိန်တလင် ကျန်းမာရေးဌာနခွဲ အားကျေးလက်ကျန်းမာရေးဌာနအဆင့်သို့၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် တိုးမြှင့်ပေးရန်အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
2020-12-20
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၏အရှေ့မြောက်ဘက်ရှိ ဝေးလံခေါင်သီသော အိန္ဒိယနယ်စပ်၌ ပထိန်တလင်ကျန်းမာရေးဌာနခွဲအပါအဝင် ကျန်းမာရေးဌာန သုံးခုရှိပါကြောင်း၊ ကျေးရွာပေါင်း ၂၆ ရွာ၊ အိမ်ခြေပေါင်း ၁၁၂၈ နှင့် လူဦးရေပေါင်း ၇၅၆၀ ဦးရှိပြီး ပထိန်တလင်ရွာတွင် အိမ်ခြေ ၁၃၀၊ လူဦးရေ ၆၆၆ ဦးနှင့် အထက်တန်းကျောင်း(ခွဲ)လည်း ရှိပါကြောင်း၊ ထို့ကြောင့် ပထိန်တလင် ကျန်းမာရေး ဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဆင့်သို့ ၂၀၁၆-၁၇ ခုဘဏ္ဍာရေးနှစ်တွင် ဦးစားပေး တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါ၍ မေးမြန်းခဲ့ပါသည်။