(စ)-လွိုင်ကော်-မော်ချီးကားလမ်းမကြီးတစ်လျှောက် စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက်များအားစနစ် တကျ စွန့်ပစ်စေရေးအတွက် စည်းကမ်းလိုက်နာမှု မရှိသူများအားမည်သို့အရေးယူ ဆောင်ရွက်မည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များအနက် မိုင်းဖြတ်မြို့အပါအဝင် လယ်သမား တောင်ယာခြံနှင့် နှစ်ရှည်ပင်စိုက်ပျိုးပြီး အသက်မွေးဝမ်း ကျောင်းပြုလုပ်စားနေသူ ၇၀ ရာခိုင်နှုန်းကျော်ခန့် ရှိပါကြောင်း၊ ယခုအခါ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးသည့် အစိုးရသစ်လက်ထက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းအောင်မြင် ဖူလုံစေသည့်အပြင် ပိုလျှံနိုင်ရေးအတွက် ငွေအား၊ ပစ္စည်းအား၊ နည်းပညာများပါမကျန် ကူညီဆောင်ရွက်လျက် ရှိပါသည့်အတွက် တောင်သူလယ်သမားများ၊ လက်လုပ်လက်စားသမားများအားလုံး ဝမ်းသာကြည်နူး ကျေးဇူးတင်လျက်ရှိပါကြောင်း၊ အထူးသဖြင့် လယ်ယာကဏ္ဍသည် လက်မှုလယ်ယာဘဝမှ စက်မှုဘဝသို့ အရှိန်အဟုန်ဖြင့် တွန်းအားပေး ဆောင်ရွက်နေသည်နှင့်အမျှ ထွက်ကုန်များလည်း လုံလောက်သည့်အပြင် ပိုလျှံထွက်ရှိလျက်ရှိပါကြောင်း၊ မိုင်းဖြတ်မြို့အပါအဝင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မြို့များ၏ ပိုလျှံနေသော လယ်ယာထွက်ကုန် ဆန်စပါး၊ ပြောင်း၊ ငှက်ပျော၊ ဖရဲ၊ ဖရုံ၊ ရော်ဘာစသည့် အခြားသီးနှံများကို ဝယ်လိုအားကောင်းပြီးမှ မဟာဈေးကွက်ကြီးဖြစ်သည့် တရုတ်နိုင်ငံ သို့ မိုင်းလား၊ မိုင်းယုလမ်းကြောင်းဖြင့် တစ်ပိုင်တစ်နိုင် နှစ်စဉ် သွားရောက် ရောင်းချကြပါကြောင်း၊ ၎င်းမှ ရသောဝင်ငွေဖြင့် သာရေးနာရေး၊ ပညာရေး၊ ပြန်လည်စိုက်ပျိုးရေး အရင်းအနှီးများပါ ရရှိပါသဖြင့် ပုံမှန်လည်ပတ်နေပါကြောင်း၊ သို့သော် လွန်ခဲ့သော ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ စတင်ပြီး မြန်မာ့တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်များ တိုက်ပွဲဖြစ်ခဲ့ရာ အစိုးရအဖွဲ့မှ အဆိုပါ လယ်ယာထွက်ကုန်ပစ္စည်း သွားရောက်ရောင်းချရန် စည်းကြပ်တားမြစ်ခဲ့ပါကြောင်း၊ စစ်ရေးအမြင်ဖြင့် ကြည့်လျှင် မှန်ကန်သည့်အပြင် ပါဝင်ဆောင်ရွက်ရမည့် တာဝန်လည်းရှိပါကြောင်း၊ တခြားတစ်ဖက် ဈေးကွက်ဖြစ်သော ယိုးဒယားကို ချိန်ထိုးရောင်းချသော်လည်း လက်ခံဝယ်ယူခြင်း မရှိပါကြောင်း၊ ယခုကဲ့သို့ စိုက်ပျိုးချိန်ရာသီနှင့် လာမည့် ရိတ်သိမ်းရာသီများတွင် တောင်သူလယ်သမားများ အားလုံးနီးပါး အခက်ကြုံတွေ့နေရပါကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေလည်း ယနေ့အချိန်အထိ ထုတ်ပေးနိုင်သည့် အစီအစဉ် မရှိသေးပါကြောင်း၊ သို့ဖြစ်ပါ၍ ဇွန်လ ၁၀ ရက်နေ့တွင် တစ်ဖက်သတ် အပစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့ပြီးဖြစ်သည့်အတွက် တရုတ်နိုင်ငံအနေဖြင့်လည်း ကြိုဆိုကြောင်း သတင်းများအရ သိရှိရပါကြောင်း၊ ထို့ကြောင့် ယခင်နှစ်များအတိုင်း တရုတ်နယ်စပ်သို့ လယ်ယာထွက်သီးနှံများ သွားရောက် ရောင်းချခွင့် ရ/မရ သိရှိလိုကြောင်း မေးမြန်းပါသည်။