(ဃ)-သံတွဲ၊ကျိန္တလီ၆၆ကေဗွီဓာတ်အားလိုင်းဖြတ် သန်းသွားသည့်သံတွဲမြို့နယ်တစ်လျှောက်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် လာမည့်၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင်ထည့်သွင်းဆောင်ရွက်ပေးနိုင်ပါ ရန်သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
ရခိုင်ပြည်နယ်ကို နိုင်ငံတော်အစိုးရက ၂၀၁၄ ခုနှစ်မှစတင်ပြီး လျှပ်စစ်ဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေပါကြောင်း၊ မိမိတို့သံတွဲမြို့နယ်ကိုလည်း ၂၀၁၄ ခုနှစ် ဇွန်လကစပြီး မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားစနစ် သုံးစွဲနေပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် သံတွဲမြို့မှတဆင့် ဂွမြို့နယ်၊ ကျိန္တလီမြို့ မိုင် ၄၀ ဝေးသော ကျိန္တလီမြို့ကို ၆၆ ကေဗွီ ဓာတ်အားလိုင်းစွဲရန်အတွက် ဓာတ်အားလိုင်းမိုင် ၄၀ အတွက် သန်း ၄၀ ဓာတ်အားခွဲရုံနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရန်အတွက် ၁၅၅ သန်းကို ဘဏ္ဍာငွေ လျာထားပြီးဖြစ်ပါကြောင်း၊ ယခု ပွင့်လင်းရာသီတွင် ယင်းဘဏ္ဍာငွေနှင့် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများကို ယခုနှစ် အပြီးရေးဆွဲမည်ဖြစ်ပါကြောင်း၊ သံတွဲမြို့မှ မိုင် ၄၀ ဝေးသော ကျိန္တလီမြို့ကိုသွားသည့် ကားလမ်းတစ်လျှောက်ရှိ ဇလွန်၊ ကျောက်ကြီး၊ ပုဇွန်ပြေ စသည့် ရွာများအပြင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သပြုချိုင်သင်္ဘောဆိပ်၊ ပင်မရေငုပ်နှင့် ကယ်ဆယ်ရေးတပ်စခန်းရှိသည့် ရေတပ်စခန်းရှိ မောင်ရွှေလေးကျေးရွာ၊ ဒီကျေးရွာတွေ၊ ဒီရေတပ်စခန်းရှိတဲ့ ရွာဆိပ်ကမ်းတို့ အဓိကရွာကြီးများနှင့် ကားလမ်းတစ်လျှောက် ကျေးရွာငယ်များကိုပါ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဆက်လက်ပြီး လျှစ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည့် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။