(က)-အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာများတိုးမြှင့် သတ်မှတ်ရာတွင်အဘယ်ကြောင့်တိုးမြှင့်သတ်မှတ် သည့်လစာ၄၅၀၀ဝိ/-အပေါ်တွင်မူတည်၍တွက်ချက် သည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ဝန်ထမ်းများ၏ လစာနှုန်းကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဝန်ကြီး ရုံး၏ ၁-၄-၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၅၄/၂၀၁၃)ဖြင့်လည်းကောင်း၊ ၄-၄-၂၀၁၄ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၅၈၇/၂၀၁၄)ဖြင့် လည်းကောင်း အသီးသီးတိုးမြှင့်ပေးခဲ့ပါကြောင်း၊ ထိုစဉ်က အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို ဝန်ထမ်းများအား လစာနှုန်းထားများ တိုးမြှင့်ခွင့်ပြုသည့်နည်းတူ လက်ရှိပင်စင်ခံစားနေရသော အငြိမ်းစားများ လက်ရှိပင်စင်လစာအပြင် တိုးမြှင့်ခွင့်ပြုသည့်လစာအပေါ် ပင်စင်နည်းဥပဒေနှင့်အညီ တွက်ချက်တိုးမြှင့်ခွင့်ပြုခဲ့ပါကြောင်း၊
ယခုအချိန်တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၂၅-၃-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၈၇/၂၀၁၅)ဖြင့် နိုင်ငံံံ့ဝန်ထမ်းများ၏ အဆင့်(၁)မှ (၁၃)အထိ လစာနှုန်းထားများကို တိုးမြှင့်သတ်မှတ် ပေးခဲ့ခြင်းသော်လည်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁၀-၄-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၁၀၅၉/၂၀၁၅)ဖြင့် နိုင်ငံတော်အတွင်းနေထိုင်ကြသော ပင်စင်ခံစားနေကြသည့် နိုင်ငံံ့ဝန်ထမ်း အငြိမ်းစားများ အနိမ့်ဆုံးဝန်ထမ်း၏ တိုးမြှင့်လစာ ၄၅၀၀၀ိ/- အပေါ်မူတည်ပြီး တည်ဆဲပင်စင်နည်းဥပဒေနှင့် အညီတွက်ချက်၍ တိုးမြှင့်ပင်စင်လစာအဖြစ် ၁-၄-၂၀၁၅ မှစ၍ ခံစားခွင့်ပြုသည်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ တိုးမြှင့်သတ်မှတ်သည့်လစာ ၄၅၀၀၀ိ/- သည် အောက်ဆုံး အဆင့်(၁) ဝန်ထမ်း၏ မူလလစာနှုန်း (၇၅၀၀ဝိ-၁၀၀ဝိ-၈၀၀၀ဝိ)နှင့် တိုးမြှင့်လစာနှုန်း(၁၂၀၀၀ဝိ- ၂၀၀ဝိ- ၁၃၀၀၀ဝိ)တို့မှ ကနဦးလစာ ခြားနားငွေ(၁၂၀၀၀ဝိ-၇၅၀၀၀ဝိ)=၄၅၀၀၀၀ိ/- ဖြစ်သည်ကိုလည်း တွေ့ရှိရပါကြောင်း၊
ထို့ကြောင့် မေးခွန်း(၁) အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့်သတ်မှတ်ရာတွင် အဘယ်ကြောင့် တိုးမြှင့်သတ်မှတ်သည့်လစာ ၄၅၀၀၀ိ/- အပေါ်တွင် မူတည်ပြီး တည်ဆဲပင်စင်နည်းဥပဒေနှင့်အညီ တွက်ချက်၍ တိုးမြှင့်ခွင့်ပြုသည်ကိုလည်းကောင်း၊ မေးခွန်း(၂) ၃၁-၃-၂၀၁၅ အထိ တာဝန် ထမ်းဆောင်ခဲ့ကြသော လက်ရှိနိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ၁-၄-၂၀၁၅ ရက်နေ့မှစ၍ နောက်ပိုင်း အငြိမ်းစားယူမည့် အငြိမ်းစားဝန်ထမ်းများနည်းတူ ထပ်မံတိုးမြှင့် လစာနှုန်းထားများအပေါ် တည်ဆဲ ပင်စင်ဥပဒေများနှင့်အညီ တွက်ချက်၍ ပင်စင်လစာများခံစားခွင့်ပြုရန် အစီအစဉ်ရှိ/မရှိကိုလည်းကောင်းသိရှိလိုပါကြောင်းမေးမြန်းပါသည်။