(ဃ)-ဖလမ်းမြို့နယ်၊မဏိပူရမြစ်ဗါးရ်တံတားအထက် ၁မိုင်ခွဲခန့်ရှိ မြစ်ကျိုးနေရာတွင် ရေလှောင်ကန်ပြုလုပ် ပြီးရေအားလျှပ်စစ်ထုတ်လုပ်ပေးရန်စီမံချက်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-20

ဦးခွန်လိန်း(ဖလမ်း)ဖလမ်းမြို့နယ်တွင် အဓိကလိုအပ်ချက်ဖြစ်သည့် ရေအားလျှပ်စစ်ထုတ်လုပ်ရေး ကိစ္စဖြစ်ပါကြောင်း၊ မဟာဓာတ်အားလိုင်းကို ဂန့်ဂေါမှ ဟားခါး၊ ဟားခါးမှတစ်ဆင့် ဖလမ်း၊ သိုင်းငင်အထိဆွဲရန် စီစဉ်ထားရှိသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော်၎င်း မဟာဓာတ်အားလိုင်းအား  အခုလျှပ်စစ်အနေဖြင့် ဟားခါးရောက်ရှိပြီး ဖြစ်သော်လည်း ဟားခါးတွင် လုံလုံလောက်လောက် သုံးစွဲ၍မရသေးပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ဒုတိယဝန်ကြီး ပြောသွားသည့် သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် ရေအားလျှပ်စစ်များနှင့် ခြားနားလျက်ရှိပြီး မဏိပူရမြစ်ပေါ်တွင် တည်ဆောက်ပေးမည်ဆိုပါက ၎င်းနေရာတွင် ထိခိုက်မည့် ကျေးရွာများ၊ လယ်ယာများနှင့် သစ်တောဧရိယာများလည်း မရှိပါကြောင်း၊ ၎င်းနေရာကို တည်ဆောက်ပေးမည်ဆိုလျှင် နိုင်ငံတော်၏ ပေါ်လစီအဖြစ် ကျေးလက်တောရွာများလည်း တိုးတက်မှဖြစ်မည်ဆိုသည့် ဆောင်ပုဒ်လည်း ပြီးမြောက်သွားမည်ဟု ယူဆ ပါကြောင်း၊ မဏိပူရမြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းသည် အမျိုးသားလွှတ်တော်မှလည်း တင်ပြပြီး၊ တောင်းခံထားပြီးဖြစ်ပါကြောင်း၊ ဂျပန်ပညာရှင်များနှင့် လေ့လာပြီးအဖြေလည်း ထုတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မဟာဓာတ်အားလိုင်းသည် မြို့ပေါ်အတွက်ဖြစ်ပြီး ကျေးလက် တောရွာများအတွက် ၎င်းစီမံကိန်းကို ဆက်လက်ပြီး ဆောင်ရွက်ပေးမည်ဆိုလျှင် ဖလမ်းမြို့နယ်တွင်သာမက ချင်းပြည်နယ်၊ ဖလမ်းသွန်းလန်အထိ လျှပ်စစ် ဓာတ်အားပေးနိုင်မည်ဖြစ်သည့် အတွက်ကြောင့် ၎င်းစီမံကိန်းကို ဆက်လက်ပြီး ဆောင်ရွက်ပေးရန် မည်ကဲ့သို့အစီအစဉ်ထားရှိပါသနည်း။ မိမိအနေဖြင့် သိလိုသည်မှာ ထိုနေရာကို တိုင်းတာပြီးသည့်နောက် ယခုထိငြိမ်ချက်သားကောင်းနေသည့် အတွက် ကြောင့် ဖလမ်းမြို့နယ်၊ မဏိပူရမြစ်ဗါးရ်တံတားအထက် ၁ မိုင် ခွဲခန့်ရှိ မြစ်ကျိုးနေရာတွင် ရေလှောင်ကန်ပြုလုပ်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်ပေးရန် စီမံချက်ရှိ/မရှိနှင့် စပ်လျဉ်းသည်‌့မေးခွန်းအား သိရှိလိုပါကြောင်း မေးမြန်းပါသည်။