(က)-ကမာရွတ်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊သီရိ မင်္ဂလာလမ်း၊ ခြံအမှတ်(၅၄/အေ)တွင် YCDC ၏ ခွင့်ပြုချက်ဖြင့်(၅)ထပ်တိုက်ဆောက်လုပ်မှုကိုအရေး ယူပေးရန် ပန်ကြားချက်နှင့် ပတ်သက်၍ မည်ကဲ့ သို့ဆောင်ရွက်ထားသည်ကိုသိလိုခြင်း နှင့်စပ်လျဉ်း သည့် မေးခွန်း
ကမာရွတ်မြို့နယ်သည် ရန်ကုန်တက္ကသိုလ်၊ အင်းလျားလမ်း၊ အင်းလျားကန်တစ်ဝိုက်တွင် ဝန်းနှင့် ခြံနှင့် အိမ်များ၊ စိတ်ငြိမ်ရပ်ကွက်များရှိပြီး ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်လမ်းနှင့် စိမ်းလန်းစိုပြေသည့် ရပ်ကွက်များ ရှိပါကြောင်း၊ ရန်ကုန်မြို့တော်ကြီး စည်ပင်တိုးတက်လာသည့်အခါ အဆင့်မြင့်၊ အထပ်မြင့်တိုက်ကြီးများ ပေါ်လာပြီးလာပြီး စိတ်ငြိမ်ရပ်ကွက်များတွင် အထပ်မြင့်တိုက်ကြီးများ ဆောက်လုပ်ခြင်းများ ဖြစ်လာပါကြောင်း၊ အထပ်မြင့် တိုက်ကြီးများ ဆောက်လုပ်ခြင်းဖြင့် စိတ်ငြိမ်ရပ်ကွက်များရှိ အိမ်များအတွက် လမ်းပိတ်ဆို့ခြင်း၊ လေကာခြင်း အစရှိသည့် အခက်အခဲများ ကြုံရသကဲ့သို့ ကားရပ်ရန်နေရာများ အခက်အခဲရှိပါကြောင်း၊ မြို့အင်္ဂါအရ တိုက်ကြီးများဆောက်ရမည်ဖြစ်သော်လည်း စိတ်ငြိမ်ရပ်ကွက်များ၏ Environmental Impact, Social Impact များကို ကြည့်ပြီးမှ ခွင့်ပြုပေးသည်ဟု ယူဆပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ သီရိမင်္ဂလာလမ်း ခြံအမှတ်(၅၄)အိမ်တွင် ရပ်ကွက်အတွင်းရှိ နေထိုင်သူများက ကန့်ကွက်ထားသည်ကို လစ်လျူရှုလျက် (၅) ထပ်တိုက်ဆောက်လုပ်မှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ YCDC က ခွင့်ပြုပေးထားပြီး ဆောက်လုပ်ခွင့်ပေးလိုက်ခြင်းအား မျှမျှတတဖြင့် အရေးယူဆောင်ရွက်ပေးပါရန် ပန်ကြားချက်နှင့် ပတ်သက်ပြီး မည်ကဲ့သို့အရေးယူ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။