(ခ)-ရမည်းသင်းဘူတာ ယာဉ်ဝင်းရှိ အသုံး မပြုသောမြေများတွင်ရထားလုပ်ငန်းနှင့်ဆက် စပ်လျက်ရှိသောအဆောက်အဦများစီးပွားရေး လုပ်ငန်းများ စီမံကိန်းချဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရမည်းသင်းဘူတာသည် ရမည်းသင်းမြို့၏ အနောက်ခြမ်းတွင် တည်ရှိပြီး ရန်ကုန်-မန္တလေး ရထားလမ်းကို တောင်၊ မြောက် ဖြတ်သန်းဖောက်လုပ် ထားပါကြောင်း၊ မီးရထား-ရဲစခန်း၊ မီးရထား-ဆေးရုံ၊ သံလမ်းအုပ်ကြီးရုံး နှင့် ဝန်ထမ်းနေအိမ်များ စနစ်တကျစီမံ ထားရှိပါကြောင်း၊ ဘူတာယာဒ်ဝန်း နယ်မြေများ ဖြစ်သော အ.ထ.က (၁) အခြေခံပညာ အထက်တန်းကျောင်း တောင်ဘက်၊ မြို့နယ် လျှပ်စစ်ရုံး တောင်ဘက်၊ မီးရထား-ရဲစခန်း တောင်ဘက်တို့တွင် မြေလွတ်ဧကများ၊ ဘူတာရပ်ဝန်း၏ အရှေ့ထိပ်တွင် ရပ်ကွက်နှင့် ဆက်စပ် မီးရထား ကန်များရှိပါကြောင်း၊ ယခုအချိန်တွင် မီးရထားကန်များ တိမ်ကောနေခြင်း၊ မီးရထား-ရဲစခန်းရှေ့ ဈေးဆိုင်ခွဲ များကြောင့် ပြည်သူလူထု မီးရထား-ရဲစခန်းကို သတိမမူနိုင်ခြင်းနှင့် မြေလွတ်နေရာများတွင် ကန္တာရ ခြုံနွယ်များ များစွာပေါက်ခြင်းတို့ကြောင့် ဘူတာယာဒ်ဝန်းသည် မြို့အင်္ဂါရပ်နှင့်မညီ ဖြစ်နေပါကြောင်း၊ ဘူတာယာဒ်ဝန်းကို သန့်ရှင်း သပ်ရပ်အောင် ပြုလုပ်ပြီး အသုံးပြုသော အဆောက်အဦများ၊ သီးပင်စားပင်များဖြင့် ပြုပြင် တည်ဆောက် နိုင်ပါက များစွာအကျိုးရှိမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး ရမည်းသင်း ဘူတာယာဒ်ဝန်းရှိ အသုံးမပြုသော မြေများတွင် ရထားလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသော အဆောက်အဦများ၊ ဌာနအတွက် ဝင်ငွေရရှိနိုင်သော အဆောက်အဦများ၊ လူနေ အဆောက်အဦများ အစရှိသော စီးပွားရေး လုပ်ငန်းများ စီမံကိန်းချ ဆောင်ရွက်နိုင်ပါက နိုင်ငံတော် အတွက်လည်း အကျိုးရှိပြီး မိမိတို့ ဘူတာဝန်းကျင် သာယာလှပမည် ဖြစ်ပါ၍ စီမံကိန်းချ ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။