(ခ)-ဒိုက်ဦးမြို့ရှိဒရယ်မီးချောင်းနှင့်အကြောင်ချောင်း ကိုတူးဖော်ပေးရန်နှင့် ချောင်းကော၊ မြောင်းကောများ အားတူးဖော်ပေးရန်လုပ်ငန်းများကိုယခုအချိန်မှစတင် ၍ ကြိုတင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-20

ဦးမင်းဆွေ (ဒိုက်ဦး)ဒိုက်ဦးမြို့နယ်ရှိ အကြောင်ချောင်း၊ ဘိုင်းဒါးချောင်း၊ ဒရယ်မီးချောင်း၊ ပျဉ်းမလွင်ချောင်းနှင့် ဂုံညင်းတန်းချောင်း တူးဖော်ခြင်းလုပ်ငန်းများအတွက် ရန်ပုံငွေကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ ကျိုက်စကောကျေးရွာ အောင်ရေလုံလောက်မှုမရရှိခြင်း၊ ရေရယူမှု အဆင်ပြေစေရေးတို့အတွက် တိမ်ကောနေသော ရိုးများတူးဖော်ပေးရန် ဒေသခံများ၏ တင်ပြချက်အရ ကွင်းဆင်းစစ်ဆေးပြီး တူးဖော်ရမည့်လုပ်ငန်းများ ပမာဏ၊ ခန့်မှန်းကုန်ကျငွေတို့ကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် သရက်ကွင်းတောကန် ရန်ပုံငွေရရှိပါက  ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ချောင်းကော၊ မြောင်းကောများအား တူးဖော်ခြင်းသည် ဒေသခံများအတွက် ချက်ချင်းအကျိုးရှိစေနိုင်ပါသဖြင့် ဆောင်ရွက်သင့်သော လုပ်ငန်းများဖြစ်ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဒရယ်မီးချောင်းနှင့် အကြောင်ချောင်းကို တူးဖော်ပေးရန် ရန်ပုံငွေပါရှိသည်ကို သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ကျန်ရှိသည့် ချောင်းကော၊ မြောင်းကောများ တူးဖော်ခြင်းလုပ်ငန်းများတွင် အမှန်တစ်ကယ် လုပ်ဆောင်သင့်သည့် လုပ်ငန်းများဖြစ်ခြင်း၊ ရန်ပုံငွေကိုလည်း အမှန်တကယ်ထည့်သွင်းပေးရန် လိုအပ်ခြင်း၊ ချောင်းတူးသည့် မြေကြီးလုပ်ငန်းများတွင် ပွင့်လင်းရာသီ၊ ကုန်းခြောက်သည့်ရာသီ၌သာ လုပ်ကိုင်နိုင်မည့် လုပ်ငန်းများဖြစ်ခြင်းတို့ကြောင့် ယခုအချိန်ကပင် စတင်ဆောင်ရွက်မှသာလျှင် တောင်သူလယ်သမားများအတွက် တစ်နှစ်စော၍ အကျိုးရှိမည်ဖြစ်ခြင်းတို့ကြောင့် လုပ်ငန်းများကြိုတင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။