(ဂ)-ကြို့ပင်ကောက်မြို့နယ်အနောက်ဘက်ခြမ်း နယ်မြေဒေသရှိ ကျေးရွာများအမြန်ဆုံးဖွံ့ဖြိုးတိုးတက် ရန်အတွက်အဓိကလိုအပ်ချက်ဖြစ်သောတောင်ရိုး ကွင်း-လယ်တီလမ်းအားအဆင့်မြှင့်ပြုပြင်ဆောင် ရွက်ပေးပါရန် နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-20
ကြို့ပင်ကောက်မြို့၏ အနောက်ဘက်ခြမ်းနယ်မြေဒေသရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိက ဖြစ်သည့်အတွက် တောင်ရိုးကွင်း- လယ်တီလမ်းမွန်ရန် လိုအပ်ပါကြောင်း၊ လယ်တီကျေးရွာသည် ကြို့ပင်ကောက်မြို့ အနောက်ဘက်နယ်မြေ၏ ဗဟို အချက်အခြာ ကျသည့်ဒေသဖြစ်ပါကြောင်း၊ တောင်ရိုးကွင်းရွာသည် ကြို့ပင်ကောက်- ဇီးကုန်း- လမ်းကောက်ပေါ်တွင် ရှိသည့်အတွက် တောင်ရိုးကွင်းရွာအထိ သွားလာရေးသည် အဆင်ပြေချောမွေ့ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကြို့ပင်ကောက်မြို့နယ် အနောက်ဘက်ခြမ်း နယ်မြေဒေသရှိ ကျေးရွာများ အမြန်ဆုံးဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်ရိုးကွင်း- လယ်တီလမ်းနှင့် လမ်းပေါ်ရှိ တံတားများ အပါအဝင် အဆင့်မြှင့်ပြုပြင်ဆောင်ရွက်ပေးပါရန်နှင့် မည်သည့်နှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။