(ဃ)-ကျေးသီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄) အုပ်စုဆက်သွယ်သွားလာဖြတ်သန်းသောနောင် ဆွမ်း -ခေါက်နွဲ့-နောင်ဆီး-ဝမ်စပ်-ခုန့်လုံ-ဝိန်းကောင်ကျေးလက်လမ်းအားမည်သည့်အချိန် တွင် စီစဉ်ဆောင်ရွက် ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-20
ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်ရှိ နောင်ဆွမ်းကျေးရွာအုပ်စု၊ ဝမ်စပ်ကျေးရွာအုပ်စု၊ ခေါက်နွဲ့ကျေးရွာအုပ်စုနှင့် ဝိန်းကောင်ကျေးရွာအုပ်စု စသော ကျေးရွာအုပ်စု ၄ အုပ်စု ဆက်သွယ် ထားသောလမ်းသည် နွေရာသီအချိန်တွင်သာ သွားလာနိုင်ပြီး ၎င်းလမ်းသည် ကျဉ်းမြောင်းခြင်း၊ ရေနုတ်မြောင်းများမရှိခြင်း၊ လမ်းဘေးဝဲယာ၏ ရေမျက်နှာပြင်ထက် နိမ့်ခြင်း၊ မိုးရာသီအချိန်တွင် ရွှံ့မြောင်းထဲအတိုင်း သွားလာဖြတ်သန်းရခြင်းစသော အားနည်းချက်များနှင့် ကျေးရွာပြည်သူများ နှစ်စဉ် မိုးရာသီအချိန်ရောက်လာပါက လွန်စွာအခက်အခဲ ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ ကျေးသီးမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၄ အုပ်စု ဆက်သွယ်သွားလာဖြတ်သန်းသော နောင်ဆွမ်း- ခေါက်နွဲ့- နောင်ဆီး-ဝမ်စပ်- ခုန့်လုံ- ဝိန်းကောင်ကျေးလက်လမ်းအား မည်သည့်အချိန်တွင် စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။