(ခ)-မယ်စဲ့မြို့ပေါ်အပြင်ပတ်ဝန်းကျင် ကျေးရွာများ ကိုသစ်တောမြေအဖြစ်မှ မြို့မြေ၊ ရွာမြေအဖြစ်သို့ လည်းကောင်း မြေကြီးနှင့် မြေပုံကွဲလွဲနေသော ရွာအချို့အား ပြန်လည်ပြင်ဆင်သတ်မှတ်ခြင်းကို မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်တို့ကိုသိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်

2020-12-20

ဦးကျော်ခိုင်ဝင်း (မယ်စဲ့)မယ်စဲ့မြို့နယ်သည် ၁၉၉၀ ခုနှစ်တွင် မြို့နယ်အဖြစ် စတင်သတ်မှတ်သော်လည်း ယနေ့အထိ ရပ်ကွက်/ကျေးရွာတွေအားလုံးသည် သစ်တောကြိုဝိုင်း၊ ကြိုးပြင်ကာကွယ်တောဧရိယာတွင် ကျရောက်နေပါကြောင်း၊ ထို့ကြောင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက လုပ်ထုံးလုပ်နည်းများအတိုင်း တင်ပြခဲ့ရာတွင် ကနဦးဧက ၆၆၀ မှ ဧက ၂၁၀ ကိုသာ မြို့မြေအဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မယ်စဲ့မြို့နယ်အနေဖြင့် မကြာခင် နယ်စပ်ကုန်သွယ်ရေးစခန်းအဖြစ် ဖွင့်လှစ်ရန် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းကြောင့် များပြားလာသော လူဦးရေအတွက် နေထိုင်ရန် မြေနေရာများ စနစ်တကျတိုးချဲ့ သတ်မှတ်ပေးရန် ခက်ခဲလျက်ရှိပါကြောင်း၊ ထို့ကြောင့် မယ်စဲ့မြို့ပေါ်အပြင် ပတ်ဝန်းကျင်ကျေးရွာတွေကို သစ်တောမြေ ကြိုးပြင်ကာကွယ်တောအဖြစ်မှ မြို့မြေ၊ ရွာမြေအဖြစ် မည်သည့်အချိန်တွင် ဖြေလျှော့သတ်မှတ်ပေးနိုင်ပါမည်ကိုလည်းကောင်း၊ မြေကြီးနှင့် မြေပုံကွဲလွဲ နေသော ရွာမြေအချို့အား ပြန်လည်ပြင်ဆင်သတ်မှတ်ခြင်းကို မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေး နိုင်မည်ကို ကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။