ယာဉ်မတော်မဆတိုက်ခိုက်မှုများနှင့်ပတ်သက် ၍ စနစ်တကျလေ့လာသုံးသပ်မှု၊လိုအပ်သည့်နည်း ဥပဒေများ၊ စည်းကမ်းသတ်မှတ်ချက်များထုတ်ပြန် မှုနှင့် စပ်လျဉ်းသည့် မေးခွန်း
ယာဉ်မတော်မဆတိုက်ခိုက်မှုများနှင့် ပတ်သက်၍ စနစ်တကျလေ့လာသုံးသပ်မှု၊ လိုအပ်သည့် နည်းဥပဒေများ၊ စည်းကမ်း သတ်မှတ်ချက်များထုတ်ပြန်မှု၊ အသက်(၄၀) အောက်ငယ်ရွယ်သူများနှင့် အတွေ့အကြုံနည်းသူများကို ယာဉ်ကြီးမောင်းနှင်ခွင့် လိုင်စင်ထုတ်မပေးရန် ကန့်သတ်မှုတို့နှင့် စပ်လျဉ်းသည့် မေးခွန်း
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုများ ဖြစ်ပေါ်နေ သည့်အနက် သီပေါမြို့၊ မြို့နယ်ဧရိယာအတွင်း ယာဉ်တိုက်မှုများနှင့်ပတ်သက် ၍ လေ့လာရာတွင် ၂၀၁၂ ခုနှစ်၌ ယာဉ်ကြီးမောင်းသူ စုစုပေါင်း ၂၅ ယောက်တွင် အသက် ၄၀ အောက် ၁၉ ဦး၊ အသက် ၄၀ အထက်က ၆ ဦးပါဝင်ပြီး ၂၀၁၃ ခုနှစ်၌ အသက် ၄၀ အောက် ၁၇ ဦး၊ အသက် ၄၀ အထက် ၂ ဦး ပါဝင်သည်ကို တွေ့ရှိရပါကြောင်း။
သက်ဆိုင်ရာရဲဌာန၏ စစ်ဆေးချက်အရ ယာဉ်မောင်းသူများ မဆင်မခြင်မောင်းနှင်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာမှု အားနည်းခြင်း၊ ဆိုင်ကယ် စီးသည့်လူငယ်များမှ ယာဉ်စည်းကမ်း သိရှိလိုက်နာမှု အားနည်းခြင်းများကြောင့် ဖြစ်ပွား သည်ကို အကြမ်းဖျင်းတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယာဉ်မတော်တဆထိခိုက်မှုများကို တပြည်လုံး အတိုင်းအတာအရ စနစ်တကျ လေ့လာသုံးသပ်မှု ပြုထားသည်များရှိပါသလား၊ လေ့လာတွေ့ရှိချက်ရလဒ်များကို အခြေခံပြီး ယာဉ်မတော်တဆမှုများကို လျော့နည်းကျဆင်းသွားစေရန် လိုအပ်သောနည်းဥပဒေများ၊ စည်းကမ်း သတ်မှတ်ချက်များ ထုတ်ပြန်ရန် အစီအစဉ် ရှိပါသလားနှင့် အသက် ၄၀ အောက်ငယ်ရွယ်သူများ မောင်းနှင်သည့် ယာဉ်ကြီးများတွင် မတော်တဆဖြစ်မှု ပိုမိုများပြားနေသည့်အတွက် အသက်အရွယ်နှင့် လိုင်စင်ထုတ်ပေးသည့်အစား ကားမောင်းအတွေ့အကြုံနှင့် အသက်အရွယ်ကိုပါ ကြည့်ပြီး ၄၀ အောက် ငယ်ရွယ်သူများကို ယာဉ်ကြီး များမောင်းနှင်ခွင့်လိုင်စင် ထုတ်မပေးဘဲ ကန့်သတ်မှုပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။