(ခ)-စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျေးရွာများ၏လမ်း များအားယာဉ်အန္တရာယ်ကင်းစွာ ရှောင်ရှားနိုင်ရန် အဆောက်အဦများလမ်းများအလိုက်အကွက်ချ တည်ဆောက်ကြရန် အတွက် လိုအပ်သောဥပဒေ များထုတ်ပြန် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-20

နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည့်နှင့်အမျှ ကျေးလက်ဒေသတွင်လည်း ဖွံ့ဖြိုးတိုးတက်နေပါကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ကျေးရွာများမှာ မော်တော်ဆိုင်ကယ်များ၊ ထွန်စက်များ၊ Light Truck ကဲ့သို့ မော်တော်ယာဉ်ငယ်လေးများနှင့် ထော်လာဂျီ တော်တော်များများ သုံးစွဲနေကြပါပြီဖြစ်ကြောင်း၊ ယင်းသို့ ယာဉ်များဝယ်ယူ သုံးစွဲမှုကြောင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ ကြုံတွေ့နေရပါကြောင်း၊ ယင်းအန္တရာယ်မှ ရှောင်လွှဲနိုင်ရန် အတွက် ကျေးရွာချင်းဆက်လမ်းတွေ၊ ရွာဝင်/ ရွာထွက်လမ်းများ၊ ရွာတွင်း လမ်းများအား စနစ်တကျ သတ်မှတ်တိုင်းတာထိန်းသိမ်းပေးမှ အဆင်ပြေမည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ထို့အပြင် ကျေးရွာအတွင်း ၌ လူနေအိမ်များသည်လည်း အလျဉ်းသင့်သလို တည်ဆောက်ကြသည့်အတွက် ကျေးရွာတွင်းလမ်းများသည် ကျဉ်းမြောင်းလာ၍ လူမှုရေးအခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ ထိုကြောင့် ကျေးလက်လမ်းများ၊ ကျေးရွာတွင်းလမ်းများကို စနစ်တကျတည်ဆောက်နိုင်ရန် သက်ဆိုင်ရာဌာနများ အနေဖြင့် တိုင်းတာသတ်မှတ် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ဥပဒေများ၊ နည်းဥပဒေများ ထုတ်ပြန်ဆောင်ရွက်နိုင်ခြင်းရှိ/မရှိကို မေးမြန်း အပ်ပါသည်။