(က)-မိုးကောင်း၊ဖားကန့်လမ်းကိုအဆင့်မြှင့်ပြုပြင်ရန် အတွက်ကျောက်မျက်ကုမ္ပဏီများကိုလုပ်ငန်းရှင်များ ၏ဆန္ဒမပါဘဲရန်ပုံငွေထည့်ဝင်ရန်ကချင်ပြည်နယ်အ စိုးရအဖွဲ့၏ဆုံးဖြတ်ချက်သည်ဥပဒေနှင့်ညီညွှတ်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-21

မိုးကောင်း-ဖားကန့်လမ်းကိုအဆင့်မြှင့် ပြုပြင်ရန်အတွက် ကျောက်မျက်ကုမ္ပဏီများကို လုပ်ငန်းရှင်များ ၏ဆန္ဒမပါဘဲ ရန်ပုံငွေထည့်ဝင်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် ဥပဒေနှင့်ညီညွှတ်ခြင်း ရှိမရှိနှင့် ရန်ပုံငွေထည့်ဝင်လိုခြင်းမရှိသော ကုမ္ပဏီများကိုမည်သည့် ဥပဒေအရအရေးယူမည်ကို သိလို သည်နှင့် စပ်လျဉ်းသည့် မေးခွန်း

 

ဦးရဲထွန်း ( သီပေါ မဲဆန္ဒနယ်)မိုးကောင်း- ဖားကန့်လမ်းသည် အရှည် ၅၉.၄ မိုင်သာ ရှည်လျားပြီး လုပ်သားပြည်သူများ အသုံးပြုနေသော လမ်းဖြစ်ပါကြောင်း၊  ယင်းလမ်းကို BOT စနစ်ဖြင့် လုပ်ကိုင်ဆောင် ရွက်နိုင်သော်လည်း ဆောင်ရွက်ခြင်းမပြုခဲ့ဘဲ ကချင်ပြည်နယ်အစိုးရမှ အစည်းအဝေး တစ်ရပ်ခေါ်ယူကာ ကျောက်မျက်လုပ်ငန်းရှင်များကို ကျောက်မျက် လုပ်ကွက် တစ်ကွက်လျှင် သိန်း ၁၀၀ နှုန်းဖြင့်ရန်ပုံငွေ ထည့်ဝင်ကြရန် အစည်းဝေးခေါ် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ယခင် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း လာစဉ်က ယင်းလမ်း တစ်ဝက်ကို BOT စနစ်ဖြင့် ဆောင်ရွက်စေပြီး ကျန်တစ်ဝက်ကို အစိုးရမှတာဝန်ယူ ဆောင်ရွက်ပေးရန် လမ်းညွှန်မှုပေးခဲ့သော်လည်း ကချင်ပြည်နယ် အစိုးရအဖွဲ့က လက်ခဲ့ခြင်းမရှိ၍ လမ်းတစ်ခုလုံးကို ကုမ္ပဏီများ၏  ထည့် ဝင်ငွေဖြင့် ဆောင်ရွက်ရန်ဆုံးဖြတ်ပြီး တစ်ကွက်ကို သိန်း ၁၀၀ နှုန်းဖြင့် ထည့် ခိုင်းခြင်းဖြစ်ပါကြောင်း၊ ထိုသို့ပြုလုပ်မည်ဆိုပါက  မြန်မာငွေကျပ် ဘီလီယံ ၁၅၀ လောက်ရမည်ဖြစ်ရာ  အမှန် လမ်းကုန်ကျစရိတ်တစ်ခု လုံးကိုတွက်ကြည့်ဆိုပါက ၃၂ ဘီလီယံခန့်သာ ကုန်ကျမည်ဖြစ်သည့်အပြင် စည်းဝေး ဆုံးဖြတ်ရာတွင်လည်း သဘောတူခြင်း/မတူခြင်းများကို ပွင့်လင်းစွာ ဖော်ပြခွင့်မရခဲ့ဘဲ ဘယ်နေ့/ဘယ် ရက်နောက် ဆုံးထားထည့်ဝင်ရရန် အကြောင်းကြား ဖိအားပေးခြင်းမျိုးသာရှိပါကြောင်း၊   ကျောက်မျက်ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများ ရပ်တန့်ထားရသည့် ကာလသည် နှစ်နှစ်ခန့်ရှိပြီဖြစ်၍ ရန်ပုံငွေ ပေးသွင်းရန် အခက်အခဲ ရှိနေပါကြောင်း၊  ထို့ကြောင့် ကချင်ပြည် နယ် အစိုးရအဖွဲ့၏ ယင်းသို့ ဆောင်ရွက်ချက်များသည်  ဥပဒေနှင့် ညီညွတ်ခြင်း ရှိ/ှမရှိနှင့် ဥပဒေနှင့် ညီညွှတ်ခြင်းမရှိဟု ယူဆ၍ ရန်ပုံငွေထည့်ဝင်ခြင်း မပြုပါက မည်သို့ အရေးယူဆောင်ရွက်မည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။