(စ)-နတ်ကြီးကျေးရွာရှိဘီးလင်းမြစ်ကူးတံတားအား အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် စီစဉ်ထားရှိမှုများအားသိရှိလိုသည်နှင့်စပ်လျဉ်း သည့်မေးခွန်း
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ထားသော ဘီးလင်း-နတ်ကြီး-ဖာပွန်ပြည်ထောင်စု လမ်းမကြီးကို ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူရ ပါကြောင်း၊ မွန်ပြည်နယ်သို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး လာရောက်သောခရီးစဉ်တွင် ယင်းလမ်းပိုင်းများကို ပြန်လည်ပြုပြင်ပေးရန် မိမိတို့ တင်ပြခဲ့သည့် အတွက် ပြည်သူ့ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ပြန်လည်ပြုပြင် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ဘီးလင်း-နတ်ကြီး-ဖာပွန်လမ်းပိုင်းနှင့် ပတ်သက်၍ လမ်းအဆင့် မြှင့်တင်သော လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊ ဘီးလင်း-နတ်ကြီး-ဖာပွန် လမ်းမကြီးအတွက် ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာရှိ ဘီးလင်းမြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်း သည် ၎င်းလမ်းကြီးတစ်ခုလုံး၏ အဓိကအရေးကြီးသောလုပ်ငန်း တစ်ခုဖြစ်သည့် အတွက် ပြည်သူ့ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဘီးလင်းမြစ်ကူးတံတား တည်ဆောက်မည်အစီအစဉ်ကို မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။