(င)-အရပ်ဘက်အဖွဲ့အစည်းများပါဝင်သော အဖွဲ့ ဖွဲ့ပြီး မြန်မာ့သစ်များကိုဥပဒေနှင့်အညီတင်ပို့/ မပို့ကို စဉ်ဆက်မပြတ်ကြပ်မတ်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-20

ရှမ်းပြည်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် သစ်များ သယ်ဆောင် သွား သည်ကို မြင်တွေ့ နေ ရသည်မှာ ဥပဒေမဲ့သယ် ယူခြင်းဖြစ်ပါက တိုင်းပြည်အတွက်များစွာနစ်နာမည်ကို စိုးရိမ်ရကြောင်း၊ သစ်မှောင်ခို သယ်ဆောင်ခြင်းနှင့်  ပတ်သက်၍  သယ်ပို့နေသော သစ်ကားများသည် အကျင့် ပျက်ဝန်ထမ်းတချို့နှင့် ပူးပေါင်း ပြီး ဥပဒေမဲ့သယ်နေကြပါကြောင်း၊ သစ်သယ် ယူခြင်းကို တာဝန်ခံပေးသော မှောင်ခိုသမားများနှင့် အကျင့်ပျက် ဝန်ထမ်းအချို့ ပူးပေါင်း၍ ဘေးပတ်ဝန်းကျင်ကိုပင် ဂရုမစိုက်ဘဲပေါ်လွင်စွာ ငွေအပေး အယူလုပ်နေ သည်ကို တွေ့ရသည့် ပြည်သူများ၏ လာရောက် တိုင်ကြားမှု များရှိပါကြောင်း၊ ဥပမာ ၉-၉-၂၀၁၃ ရက်နေ့က ကျောက်မဲတိုးဂိတ်နှင့် သီပေါတိုးဂိတ်များတွင် အကျင့်ပျက်ဝန်ထမ်းအချို့နှင့် ပူးပေါင်း၍ လာဘ်ထိုးငွေများ ကို သီပေါတိုးဂိတ်အလွန်တွင် ပြောင်ပြောင်တင်းတင်းပင် အပေး အယူ လုပ်နေကြသည် ကို ပြည်သူလူထုက တိုင်ကြားလာပါကြောင်း။

ယခု ပွင့်လင်းရာသီတွင် ဥပဒေမဲ့သယ်ဆောင်ခြင်းကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်ကြမည်ဖြစ်ရာ လစဉ် ကားအစီး ၁၀၀နှင့် ၂၀၀ ကြားထိ ရှိနိုင်ပြီး  နောင်ချိုမြို့နယ်မှ လားရှိုးမြို့နယ် တန့်ယန်းလမ်းခွဲ အထိ သတင်း ဆက် သွယ်ရေးကောင်းမွန်သော အခွင့်အရေးကိုအသုံးချပြီး အကျင့်ပျက်ဝန်ထမ်းအချို့နှင့် ပူးပေါင်ကာ ဥပဒေမဲ့ သယ်ဆောင်ကြမည်ဖြစ်သည့်အတွက် အချိန်ပြည့်ကြပ်မတ်နိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ကောင်းမွန်  သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ အရပ်ဘက်အဖွဲ့အစည်းများပါဝင်သောအဖွဲ့ ဖွဲ့ပြီး ဥပဒေနှင့် အညီ တင်ပို့/မပို့ကို စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။