(က)-မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံအကျဉ်းထောင်များရှိ အကျဉ်းသားများကိစ္စနှင့်စပ်လျဉ်းသည့် မေးခွန်း
ထိုင်းနိုင်ငံတွင် အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေရ သူ မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးဦးရေ ၁၀၀၀၀ ခန့်ရှိသည်မှာ မှန်ကန်ခြင်းရှိ/ မရှိ၊ မြန်မာနိုင်ငံအကျဉ်းထောင်များတွင် အကျဉ်းကျနေ သည့် ထိုင်းနိုင်ငံ သား အကျဉ်းသားများကို မြန်မာနိုင်ငံမှ ပြန်လွှတ်ပေးသကဲ့သို့ ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ မြန်မာအကျဉ်းသား မည်မျှပြန်လွှတ်ပေးခဲ့သည်ကိုလည်းကောင်း၊ ထိုင်းဘုရင်မိဖုရားကြီး၏မွေးနေ့ဖြစ်သော သြဂုတ်လ ၁၂ ရက်နေ့တွင် လွတ်ငြိမ်းချမ်း သာခွင့်ရခဲ့သော မြန်မာနိုင်ငံသားဦးရေနှင့် လာမည့် ဒီဇင်ဘာ ၅ ရက်နေ့တွင် ကျ ရောက်မည့် ထိုင်းဘုရင်မွေးနေ့တွင်လည်း မြန်မာအကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာခွင့် ရရှိရေးအတွက် ပြည်ထောင်စုအစိုးရမှ မည်ကဲ့သို့ ဆောင်ရွက်နေ သည်ကို လည်းကောင်း၊ ထိုင်းနှင့်မြန်မာနိုင်ငံ အကျဉ်းသားများ လဲလှယ်ရေးကိစ္စများ အစီအစဉ်ကို လက်မှတ်ရေးထိုးမည့် အချိန်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။