(စ) - ကျောက်တန်းမြို့နယ်၊ကွင်းအမှတ်(၆၂၁)၊ ဦးပိုင်အမှတ်၊ ၃၊ ၅၊ ၆၊ ၇၊ ၁၁၊ ၁၂၊ ၁၃ရှိမြေ ဧက (၃၈.၉၂)ဧကအား လက်ရှိ ပိုင်ရှင်များ၏ အမည်ဖြင့်မြေခွန်ပြေစာများပြန်လည်ရရှိရေးဆောင် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း
ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်း ကျေးရွာအုပ်စုပိုင် ဖြူချောင်းအနောက် ကွင်းအမှတ် (၆၂၁) ဦးပိုင်အမှတ် ၃၊ ၅၊ ၆၊ ၇၊ ၁၁၊ ၁၂၊ ၁၃ တို့ရှိ မြေဧက ၃၈.၉၂ ဧကကို အကောက်ခွန်သင်တန်းကျောင်းဆောက်လုပ်ရန် ၁၉၉၀ ခုနှစ်က မြေယာ ပိုင်ဆိုင် လုပ်ကိုင်သူ ၁၁ ဦးထံမှ သိမ်းယူခဲ့သော် လည်း မြေယာလျော်ကြေးပေးဆောင်ခြင်း၊ ထိရောက်သော အမိန့်ညွှန်ကြား ချက်များ ပေးပို့ခြင်း၊ အိမ်ဂရန်များဖယ်ရှား ခိုင်းခြင်းစသော ကိစ္စရပ်များကို တိကျစွာ ဆောင်ရွက်ခဲ့ခြင်း မရှိသည့်အတွက် မူလပိုင်ရှင်များက ယနေ့အချိန်အထိ အဆိုပါနေရာများတွင် နေထိုင် လျက်ရှိကြပါကြောင်း၊ အကောက်ခွန်ဦးစီးဌာန အနေဖြင့် လည်း ၁၉၉၀ ပြည့်နှစ်မှ စတင်၍ ယနေ့အချိန်အထိ မည်သည့်လုပ်ငန်းမျှ ဆောင်ရွက်ခြင်း မရှိပါသော်လည်း ၁၉၉၅၊၁၉၉၆ ခုနှစ်များကစပြီး မူလပိုင်ရှင် အမည်ပေါက်မြေခွန်ပြေစာများအစား အကောက်ခွန်ဦးစီးဌာနအနေဖြင့် မြေခွန်ပြေစာများ ထွက်ရှိလာပြီး မြို့နယ် မြေစာရင်းဌာနမှလည်း လန-၃၉ ကျပြီးဖြစ်သည်ဟုသိရှိရပါကြောင်း၊ အဆိုပါမြေခွန် ပြေစာများကို လည်း မူလပိုင်ရှင်များက ဆက်လက်ထမ်းဆောင်လျက်ရှိသည့်အပြင် နှစ်ကာလကြာမြင့်ပြီ ဖြစ်သောကြောင့် တချို့မူလ ပိုင်ရှင်များအနေဖြင့် မိမိတို့၏ မြေယာအချို့ကို လွဲပြောင်းရောင်းချနေထိုင်ကြသည့်အပြင် ယနေ့ထိ လူဦးရေ ၃၀၀ ကျော် အဆိုပါ မြေနေရာများပေါ်တွင် နေထိုင်လျက်ရှိသည်ကိုတွေ့ရပါကြောင်း၊ ယခုအချိန်တွင် မြေယာမှတ်ပုံတင်ခြင်းကိစ္စများ ဆောင်ရွက်ချိန်ဖြစ်သည့်အတွက် မြေယာပိုင်ဆိုင်သူများအနေဖြင့် ၎င်းတို့၏ ဥယာဉ်ခြံ မြေများ၏ မြေခွန်ပြေစာများကို မူလပိုင်ရှင်များအမည်ဖြင့် ပြန်လည်ရယူလိုသောကြောင့် သက်ဆိုင်ရာဌာနများမှ မည်ကဲ့သို့ စီစဉ် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုသည့်အတွက် ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအပိုင်း ခရုချောင်းအနောက် ကွင်းအမှတ်(၆၂၁) ဦးပိုင် အမှတ် ၃၊ ၅၊ ၆၊ ၇၊ ၁၁၊ ၁၂၊ ၁၃ တို့ရှိ မြေဧက ၃၈.၃၂ ဧက၏ မြေခွန်ပြေစာများကို အကောက်ခွန်ဦးစီးဌာနအမည်မှ လက်ရှိမူလပိုင်ရှင်များ၏အမည်ဖြင့် ရရှိစေရန်အတွက် ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်ကဲ့သို့စီစဉ် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။