(ည)-ဒေသအသီးသီးရှိ အခြေခံပညာကျောင်းများတွင် လိုအပ်သော စာသင်ခုံ၊ စားပွဲနှင့် ကုလားထိုင်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-21

ဦးသိန်းထွန်းဦး (အမရပူရ) ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင် အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် ရင်းနှီးမြှပ်နှံမှုလျာထားချက်များနှင့်အတူ ပညာရေးဝန်ကြီးဌာန၏  ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် အခြေခံပညာကျောင်းများ တည်ဆောက်ရေးလုပ်ငန်းများစာရင်းကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြခဲ့ ရာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက မိမိတို့ဒေသအတွက် လိုအပ်သော အခြေခံပညာကျောင်းဆောင်များကို ထည့်သွင်းရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးတင်ပြမှုများဖြင့် လွှတ်တော်အသီးသီးရှိ သက်ဆိုင်ရာကော်မတီများသို့ တင်ပြဆောင်ရွက်ခဲ့ကြရာ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် ရင်းနှီးမြှပ်နှံမှုလျာထားချက်များတွင် ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းအရေအတွက်ကိုသာ ဖော်ပြပြီး ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်တင်ပြခဲ့ရာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၄-၁၅  ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် ရင်းနှီးမြှပ်နှံမှုလျာထားချက်တွင် ဖော်ပြခဲ့သည့် အခြေခံပညာကျောင်းဆောင်သစ် အရေအတွက်များမှ ပညာရေးဝန်ကြီးဌာန၏ ၂၀၁၄-၁၅  ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် တည်ဆောင်ရေးလုပ်ငန်းများစာရင်းတွင် ဖော်ပြပြီးကျောင်းများအပ နောက်ထပ်ဆောင်ရွက်မည့် ကျောင်းဆောင်သစ်များကို မည်သည့်ဒေသ၊ မည်သည့်ကျောင်း ခွင့်ပြုငွေမည်မျှဆိုသည်ကို ပြည်ထောင်စုလွှတ်တော်နှင့်  ပြည်ထောင်စုလွှတ်တော်ကိုယ်စာလှယ်များထံသို့ ပွင့်လင်းမြင်သာစွာ ပေးပို့ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်းနှင့် အမရပူရမြို့နယ်အပါအဝင် နိုင်ငံတော်အတွင်းရှိ ဒေသအသီးသီးတွင်ရှိသော အခြေခံပညာကျောင်းများနှင့် အခြေခံပညာကျောင်းဆောင်သစ်များ တည်ဆောက်ပေးထားသည့် အဆောက်အဦများတွင် လိုအပ်သော ကျောင်းစာသင်ခုံ၊ သင်ကြားရေး ဆရာဆရာမများအသုံးပြုသည့် စားပွဲ၊ ကုလားထိုင်များ လိုအပ်ချက်များကို ပြည်ထောင်စုအစိုးရအဖွဲက ဖြေဆည်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ နောင်ဘဏ္ဍာရေးနှစ်များတွင် ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းဆောင်များ တည်ဆောက်ရန် ရေးဆွဲသည်‌့ ဘတ်ဂျတ်များတွင် ကျောင်းစာသင်ခုံနှင့် သင်ကြားရေးဆရာ ဆရာမများအသုံးပြုရန် စားပွဲ၊ ကုလားထိုင်များအတွက် ဘတ်ဂျတ်တွင် တစ်ပါတည်းရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။