(က)-၂၀၁၅ ခုနှစ် နောက်ပိုင်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများကိုတက္ကသိုလ်အလိုက်စစ်ဆေးခဲ့လျှင် ဒသမတန်း ရမှတ်အား ထည့်သွင်းစဉ်းစားခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
2020-12-21
ပညာရေးအပြောင်းအလဲကို ပညာရေးနှင့်ဆက်နွယ်နေသော မိဘများအနေဖြင့် မိမိတို့သားသမီးများ အတွက် မည်သို့ကြိုတင်ပြင်ဆင်ရမည်ကို သိရှိလိုပါကြောင်း၊ ကျောင်းသားနှင့် မိဘများအနေဖြင့် မှန်ကန်သော လမ်းကြောင်းအတိုင်း လျောက်လှမ်းနိုင်ရန်အတွက် အောက်ပါမေးခွန်းမျးကို မေးမြန်းလိုပါကြောင်း၊ (၁) ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် အခြေခံပညာပြီးဆုံးကြောင်း စာမေးပွဲကြီးအစိုးရစစ်မရှိတော့ဘဲ ကျောင်းစစ်အဖြစ်သာ တည်ရှိတော့ဆိုသည်မှာ မှန်ကန်ခြင်း ရှိ/မရှိ၊ (၂) တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို တက္ကသိုလ်အလိုက် စစ်ဆေးခဲ့လျှင် (က) ဒသမတန်းရမှတ်ယူမယူ၊ (ခ) နဝမတန်းစာရော ဒသမတန်းစာများပါ မေးမြန်းခြင်းရှိ/မရှိ၊ (ဂ) မည်သည့် တက္ကသိုလ်တွင် မည်သည့်ဘာသာပင် ဖြေရမမည်စသည်တို့ကို သိရှိလိုကြောင်း မေးမြန်းပါသည်။