(ခ)-ပညာရေးချို့တဲ့၍ အလုပ်အကိုင် မရရှိသော လူငယ်များအတွက်အထူးအစီအစဉ်ဖြင့်မည်သည့် စီမံကိန်းများဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့်စပ် လျဉ်းသည့် မေးခွန်း
2020-12-21
မိမိတို့ မြန်မာနိုင်ငံတွင် လူငယ် လူရွယ် ၉ တန်း၊ ၁၀ တန်း အထူးသဖြင့် ၉ တန်း၊ ၁၀ တန်း မအောင်နိုင်သော လူငယ်များသည် ဘဝ အာမခံချက်မရှိ၊ အသက်မွေးဝမ်းကြောင်းမရှိဖြင့် ကိုယ်အားကိုယ်စိတ်အားငယ်ပြီး ဘဝကို မူးယစ်ဆေးဝါးမကောင်းမှုလုပ်ရပ်များဖြင့် အသုံးချ နေကြပါကြောင်း၊ တချို့ဆိုပါက အလုပ်အကိုင် မရရှိခြင်းကြောင့် နိုင်ငံတော်အတွင်းနေချင်သော်လည်း မိမိ မိသားစုမှ ခွဲခွာပြီး နိုင်ငံခြားတွင် အလုပ်လုပ် ရခြင်းဖြင့် ဒုက္ခများစွာ ကြုံတွေ့နေကြ ပါကြောင်း၊ ထိုသို့ မြန်မာနိုင်ငံအတွင်း ပညာရေးချို့တဲ့၍ အလုပ်အကိုင်မရရှိသော လူငယ်များအတွက် နိုင်ငံတော်အစိုးရမှ အထူးအစီအစဉ်ဖြင့် စီမံကိန်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ ကိုသိရှိလိုပါကြောင်း မေးမြန်းသည်။