(က)- နိုင်ငံတော်အစိုးအရအနေဖြင့်ဥပဒေပြုခေါ် ဆိုရာတွင်အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရ အဖွဲ့နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုဆိုလိုသည်ဟု ပါဝင်မှုမရှိခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

2020-12-21

ဦးခမိုင်မုန်ကွမ် (ဆွမ်ပရာဘွမ်) မိမိနိုင်ငံတော်တွင် နိုင်ငံတော်ကို သမ္မတကြီးနှင့် နာယကကြီးမှ ဦးဆောင်ပြီး နိုင်ငံတော်ကို တိုင်းရင်းသားများ အားလုံးပါဝင်၍ စည်းလုံး ညီညွတ်စွာ တန်းတူညီတူ အခွင့်အရေးရရှိနိုင်ရေးနှင့် အတူတကွဝိုင်းဝန်း တည်ဆောက်ရာ၌ မဏ္ဍိုင်သုံးရပ်ကို ဦးစီးဦးဆောင်၍ ဥပဒေပြုရာတွင် အစိုးရအဖွဲ့ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆိုလိုသည်ဟု ခေါ်ဆိုပြီး ပြည်ထောင်စု အစိုးရအဖွဲ့၏ သားသမီးများဖြစ်သော ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ယှဉ်တွဲခေါ်ဆို အသိအမှတ်ပြု မှု မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်သစ် တည်ဆောက်ခြင်းနှင့်အတူ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့သည် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ် ဥက္ကဋ္ဌတို့က ဦးစီးဦးဆောင်သော ဝန်ကြီးဌာနအသီးသီး မွေးဖွားထွန်းလာသည်နှင့်အညီ ယနေ့အချိန် အခါတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဟူ၍ ပေါက်ဖွားပေါ်ထွန်းလာပြီ ဖြစ်ပါကြောင်း၊ သို့သော် နိုင်ငံတော်မှ အတည်ပြုပြဋ္ဌာန်းရာတွင် အသိအမှတ်ပြုမှုမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဟူ၍ ပါဝင်ခြင်းမရှိသည့် အတွက် နိုင်ငံတော်အစိုးအနေဖြင်‌့ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့အပေါ်တွင် အသိအမှတ်ပြုမှု နည်းပါးကြောင်း၊ထို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ ပေးပိုင်ခွင့် ခွဲဝေချမှတ်ရာတွင် ခက်ခဲမှုများရှိနေပါကြောင်း၊  ယခုကဲ့သို့ အပြန်အလှန် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များကို ယှဉ်တွဲ၍ အသိအမှတ်ပြုမှုမရှိဘဲ ပြည်ထောင်စုအစိုးရအဖွဲ့တစ်ခုတည်းကို သာ အသိအမှတ်ပြု ခေါ်တွင်ပြီး တိုင်းဒေသကြီးနှင့် အထူးသဖြင့် ပြည်နယ်အစိုးရအဖွဲ့ကို အသိ အမှတ် ပြုယှဉ် တွဲခြင်း မရှိလျှင် ထာဝစဉ်တည်ငြိမ်အေးချမ်းမှုရရှိနိုင်ရေးအတွက် အနှောင့်အယှက်ဖြစ်နိုင် သည်ဟု ထင်မြင်မိပါ ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင်‌့ အပြန်အလှန်အသိအမှတ်ပြု ကင်ပွန်းတပ်ခြင်းနှင့် အတူ အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်နှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့ကို ဆိုလိုသည်ဟု ဖြည့်စွက်ထည့်သွင်းပေးပါရန် တင်ပြတောင်းခံပြီး သမ္မတကြီးနှင့် နာယကကြီးမှ ဦးဆောင်သော မဏ္ဍိုင်သုံးရပ်အနေဖြင့် ယခုကဲ့သို့ တင်ပြတောင်းခံမှုအပေါ် မည်သို့မည်ပုံ ဖြည့်စွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။