(ခ)-ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာအုပ်စု တွင်(၁၆)ခုတင်ဆံ့တိုက်နယ်ဆေးရုံတစ်ရုံဆောက် လုပ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျွန်းစုမဲဆန္ဒနယ်၊ ရေကန်တောင်ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၁၆ ရွာဖြင့်ဖွဲ့စည်းထားပြီး အနီးဆုံး ကန်မှော်ကျေးရွာ အုပ်စုတိုက်နယ်ဆေးရုံသို့ ၄ နာရီခန့် ရေလမ်းခရီးဖြင့်သွားလာရပြီး သွားလာရောက်ရန် လွန်စွာမှခက်ခဲပါကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ခရီးစဉ်တွင် ဒေသခံများ၏ တောင်းဆိုချက်အရ ယင်းရေကန်တောင်ကျေးရွာတွင် မြေနေရာရရှိပါက တိုက်နယ် ဆေးရုံတစ်ရုံကို ချထားပေးမည်ကို ကတိပေးထားခဲ့သည်ဖြစ်ရာ ယခုအချိန်တွင် ရေကန်တောင် ကျေးရွာရှိမြေပိုင်ရှင်ဖြစ်သူ ဦးစိုးမိုး၊ ဒေါ်သိင်္ဂီဝင်းတို့မှာ ဆေးရုံဆောက်လုပ်ရန် မြေငါးဧကကိုလှူဒါန်း ထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ရေကန်တောင်ကျေးရွာအုပ်စုတွင် ခုတင် ၁၆ လုံးဆံ့ တိုက်နယ်ဆေးရုံတစ်ရုံကို ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဆောက်လုပ်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်နှင့် ဆောက်လုပ် ပေးနိုင်ခြင်း မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။