(ဃ)-ဖရူဆိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ဝန်ထမ်း အိမ်ရာနှင့်ဆေးရုံဝင်း ခြံစည်းရိုးတို့အား ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့်တည်ဆောက်ပေး ရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-21

ဦးဦးရယ် (ဖရူဆို) ဖရူဆိုမြို့နယ်၊ ပြည်သူ့ဆေးရုံကို လွန်ခဲ့သော ၉၉၅ ခုနှစ် ပါလီမန် အစိုးရလက်ထက်တွင် ဆောက်လုပ်ခဲ့ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၆၀ ခန့်ကြာမြှင့်သည့် အဆောက်အဦဖြစ်ပြီး သက်တမ်းကြာမြှင်သည်နှင့်အမျှ မြို့နယ်ဆရာဝန် နေအိမ်အပါအဝင် ဝန်ထမ်းအိမ်ရာများသည် ဟောင်းနွမ်းဆွေးမြေ့ပြီး ခေါင်မိုးပေါက်ပြဲ၊ မိုးယိုလျက် အုတ်နံရံတို့မှာလည်း ရိုင်ရွဲ့ရှိနေသည့်အတွက် လူနေရန်သင့်တော်ခြင်းမရှိသည့် အန္တရာယ်ဆောင် များဖြစ်ပါကြောင်း၊ အလားတူစက်ရုံ၊ ဝင်းခြံတွင်လည်း ယိုယွင်းပျက်စီးပြီး လုံခြုံမှုမရှိသည့်အတွက် ဝင်းခြံအတွင်းရှိ ပန်းပင်များ၊ အလှပင်များ၊ သောက်သုံးရေများနှင့် အိမ်သာများကို ကျွဲ၊ နွား တိရစ္ဆာန်တို့က မကြာခဏဝင်ရောက် ဖျက်ဆီးခံရကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ ဒေသခံပြည်သူ များ၏ကိုယ်စား မေးခွန်းနံပတ်(၁) ဖရူမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်နေအိမ်အပါအဝင် ဝန်ထမ်းအိမ်ရာများနှင့် ဆေးရုံဝန်းခြံတို့အား ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ဖြည်‌့စွက်ရန်ပုံငွေများဖြင့် အသစ်ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်၊ မေးခွန်း(၂) အစီအစဉ်မရှိပါက မည်သည်‌့အချိန်တွင် ပြန်လည်တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း၊ မေးမြန်းပါသည်။