(ဂ)-လက်ပံတန်းမြို့နယ်၊မန်ကျည်းကွင်းကျေးရွာမြေ (၁၆၃.၆၂)ဧကကျယ်ဝန်းသောစားကျက်မြေအားပြည် ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စားကျက်မြေ အဖြစ်မှပယ်ဖျက်ခြင်းသည်ကျေးရွာမီးလင်းရေးနှင့် မည်သို့ဆက်စပ်နေသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၊ မန်ကျည်းကွင်းကျေးရွာတွင်ရှိသော ကွင်းအမှတ်-၁၁၅၉ ဦးပိုင်အမှတ်(55-N) မြေ(၁၆၃.၆၂)ဧကကျယ်ဝန်းသည့် မန်ကျည်းကွင်း စားကျက်မြေကို ပဲခူးမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ၇-၁၀-၂၀၁၅ ရက်စွဲပါ စာအမှတ် ၄/၂-၉၅(၉၈) ဦ ၁ အထ ဦးဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ကျေးရွာအုပ်စု မီးလင်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီက ၁၁-၉-၂၀၁၅ ရက်နေ့တွင် ပြုလုပ်သော အစည်းအဝေးအမှတ်စဉ်(၉/၂၀၁၅) ဆုံးဖြတ်ချက်အပိုဒ် ၁၇ အပိုဒ်ခွဲ(ဋ)ဖြင့် သဘောတူခွင့်ပြု ခဲ့သဖြင့် အောက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ ၆၈ အရ ၇-၁၀-၂၀၁၅ ရက်နေ့ မှစ၍ စားကျက်မြေအဖြစ်မှ နုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းပြီး စားကျက်မြေအဖြစ်မှ ပယ်ဖျက်ရာတွင် လက်ရှိတည်ဆဲ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်ညီညွတ်ခြင်းရှိ/မရှိနှင့် ထိုသို့ စားကျက်မြေပယ်ဖျက်ခြင်းသည် ကျေးရွာမီးလင်းရေးနှင့် မည်သို့မည်ပုံ ဆက်စပ်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။