(က)-ဥပဒေနှင့်အညီ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ်ခြင်း နှင့်စပ်လျဉ်း သည့်မေးခွန်း
2020-12-21
နိုင်ငံတော်ကနေပြီးတော့ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်အပ် တာဝန်ပေးခြင်း နှင့်စပ်လျဉ်းပြီးတော့မှ ဥပဒေထုတ်ပြန် ထားပြီး ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ အဲ့ဒီဥပဒေနှင့်အညီ ဘယ်အချိန်မှာ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ခန့်အပ် တာဝန်ပေးမယ်ဆိုတာကို သိလိုနေကြပါတယ်။ ပြည်သူ့ဆန္ဒ နှင့်အညီ ကျွန်တော် မေးလိုတဲ့ မေးခွန်းကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်အပ်ခြင်းနှင့် စပ်လျဉ်းသည့် ဥပဒေအား နိုင်ငံတော်က ထုတ်ပြန်ထားပြီးဖြစ်သဖြင့် အဆိုပါ ဥပဒေနှင့်အညီ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ် ခန့်အပ်တာဝန်ပေးခြင်းကို မည်သည့်အချိန်တွင် ဆောင်ရွက် နိုင်မည်ကို သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။