(ဂ)-ကယားပြည်နယ်၊မြို့နယ်အသီးသီးရှိကျေးရွာများ အားလျှပ်စစ်မီး သွယ်တန်းပေးခြင်း ဆောင်ရွက်ရာ တွင်ကျေးလက်နေပြည်သူများ၏ထည့်ဝင်ငွေများကို မည်ကဲ့သို့ဆောင်ရွက်ထားသည်ကိုသိလိုခြင်းနှင့်စပ် လျဉ်းသည့် မေးခွန်း
2020-12-21
ကယားပြည်နယ်ခုနစ်မြို့နယ်တွင်ရှိသော ကျေးရွာများအား လျှပ်စစ်မီးလင်းနိုင်ရေးအတွက် နိုင်ငံတော်မှ ၂၀၁၃-၁၄ ဘတ်ဂျက်နှစ်မှ စတင်၍ဘတ်ဂျက်နှစ်အလိုက် ဆောင်ရွက်စေခဲ့သော်လည်း မြို့နယ်အသီးသီးတွင်ရှိ ကျေးရွာများအချို့တွင် ယနေ့အထိပင် မီးလင်းနိုင်ရေး အခြေအနေမရှိခြင်း၊ ပြည်သူထည့်ဝင်ငွေ သိန်းတစ်ရာနှင့် ပတ်သက်၍လည်း ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ၂၀၁၅ ခုနှစ်အထိ လျှပ်စစ်မီးသွယ်တန်းမှုများ လက်စသတ်နိုင်မှု မရှိခြင်း၊ ကောက်ခံထားသည့် ငွေနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိခြင်းများကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မြို့နယ်အသီးသီးရှိ ကျေးရွာများကို မည်သည့်အချိန်တွင် အပြီးဆောင်ရွက်ပေးမည်၊ မည်သည့်အချိန်တွင် လျှပ်စစ်မီးစတင်သုံးစွဲနိုင်မည် စသည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။