(ဂ)-နိုင်ငံတော်ဘတ်ဂျက် ရေးဆွဲရာတွင် ကလေး သူငယ်များအတွက် ဘတ်ဂျက်ပိုချပေးရန်နှင့်(၁)လ လျှင်လူမှုထောက်ပံ့ကြေး(၂၅၀၀၀)နှုန်းဖြင့်ထောက် ပံ့နိုင်ပါရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-21
မြန်မာနိုင်ငံတွင် ဒီမိုကရေစီလမ်းကြောင်း လျှောက်လမ်းလာပြီဖြစ်သည့်အတွက် လူငယ်လူရွယ်များ အခန်းကဏ္ဍမှာ ပိုပြီး
အရေးကြီးလာပါကြောင်း၊ ထို့ကြောင့် လူငယ်လူရွယ်များ ဘက်ပေါင်းစုံဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် (၁) နိုင်ငံတော်ဘတ်ဂျက်ရေးဆွဲရာတွင် ကလေးသူငယ်များ အတွက် ဘတ်ဂျက်ပိုချပေးပါရန်၊ (၂) ဒီမိုကရေစီနှင့်အညီ NGO ၊ INGO များနှင့် အလှူရှင်များနှင့်ပူးပေါင်းပြီး ထိုက်သင့်သောထောက်ပံ့ကြေး ထုတ်ပေးနိုင်ပါရန် (ဥပမာ- တစ်လလျှင် ၂၅၀၀၀ကျပ်) နှင့် (၃) ၂၀-၃-၂၀၁၅ တွင် မေးမြန်းခဲ့သော အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများအတွက် ထောက်ပံ့ကြေးဆိုင်ရာကိစ္စရပ်များကို မည်သည့်အချိန်ကာလတွင် အကောင်အထည်ဖော်နိုင်မည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။