(ဆ)ကလေးမြို့နယ်ရှိ ကျေးရွာများ သောက်သုံးရေ ရရှိရေးနှင့် ဆိုလာမီးတပ်ဆင်ရေး တပ်ဆင်ပေးရေးတို့နှင့် စပ်လျဉ်းသည့်မေးခွန်း။
ကလေးမြို့နယ်၏ ၈၀ ရာခိုင်နှုန်းခန့်သည် ရေအခက်အခဲမရှိသောဒေသ ဖြစ်သော် လည်း ကုက္ကိုကျေးရွာအုပ်စု၊ နွားကျေးရွာ၊
တွံတေးကျေးရွာအုပ်စု၊ မှန်တောကျေးရွာ၊ တင်ဆန်းကျေးရွာအုပ်စု၊ မင်းလှ(အောင်မင်္ဂလာ) ရွာသစ်ကလေး၊ ကြက်ဖနပ်ကျေးရွာအုပ်စု၊ ကန်ဦးကျေးရွာနှင့် ခုန်ဆိုင်ကျေးရွာ အုပ်စု ၅၆ မိုင်ရွာတွင် သောက်သုံးရေ အခက်အခဲရှိနေသည့်အတွက် တင်ပြ ရခြင်းဖြစ်ကြောင်း၊ ထောက်ကြံ့ကျေးရွာအုပ်စု၊ ကျွန်းချောင်းကျေး ရွာ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတစ်ကျောင်း အပါအဝင် ၄၉ အိမ်အတွက် လည်းကောင်း၊ တင်ဆန်းကျေးရွာအုပ်စု၊ မင်းလှအောင် မင်္ဂလာကျေးရွာ ၅၆ အိမ် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတို့အတွက် လည်းကောင်း ဆိုလာမီး လိုအပ်နေပါကြောင်း၊ ထို့ကြောင့် ယင်းကျေးရွာများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုတိုးတက်ရေးအတွက် လိုအပ်နေခြင်းကြောင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။