(ဆ)-ဘားအံ မြို့ နယ်၊သံလွင်မြစ်အနောက်ဘက် ကမ်း ရှေးဟောင်းသမိုင်းဝင် ရသေ့ပျံ ဂူဘုရားသို့ သွားသောလမ်းကို ကျောက်ချောလမ်းအဖြစ်၂၀၁၅- ၁၆ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့်ဆောင်ရွက်ပေး ရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် သံလွင်မြစ်အနောက်ဘက်ခြမ်း ရှေးဟောင်းသမိုင်းဝင် ရသေ့ပျံဂူဘုရား လမ်းသည် ဘားကပ်-ကော့ဂွန်း ကျေးရွာချင်းဆက်လမ်းနှင့် ၃ မိုင်ခန့် ကွာဝေးပြီး ဤဂူဘုရားသို့ သွားရာ လမ်းတစ်လျှောက်သည် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် ၂၀၁၃-၂၀၁၄ ဘတ်ဂျက်ဖြင့် ကျပ်သိန်း (၅၀) ကူညီပံ့ပိုးပြီး ကျေးရွာလူထု၏ လုပ်အားဖြင့် ကွန်ကရစ်လမ်းခင်းခဲ့ပါကြောင်း၊ ထို့အပြင် ရသေ့ပျံဂူအဝ၏ ခြေရင်းတွင်လည်း ကျေးလက်ဦးစီးဌာန၏ ပံ့ပိုးငွေ ကျပ်သိန်း (၃၀) နှင့် ကျေးရွာလူထု၏ ပူးပေါင်းပါဝင်မှုနှင့် လမ်းကို ပြုပြင်ခဲ့ပါကြောင်း၊ ကျေးရွာအဝင်ရွာဦးထိပ်နှင့် ဂူဝတောင်ခြေရင်းသည် လမ်းကောင်းသော်လည်း အလယ်လမ်းတစ်လျှောက်သည် မြေသားလမ်းများ ဖြစ်သည့်အတွက် မိုးရာသီတွင် ရွှံ့ဗွက်များ ထပြီး အဆင်မပြေမှုများ မရှိခဲ့ပါကြောင်း၊ မိုးရာသီပါ နွေရာသီတစ်လျှောက်လုံး အသုံးပြုနေကြရသော ဘားကပ်ကျေးရွာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေရသော ကျောင်းသူကျောင်းသားများအတွက် အခက်အခဲများ ဖြစ်စေပါကြောင်း၊ ထို့ကြောင့် ရှေးဟောင်းသမိုင်းဝင် ရသေ့ပျံဂူဘုရားလမ်းကို သွားသော လမ်းတစ်လျှောက်ကို ကျောက်ချောလမ်းအဖြစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန် ပုံငွေ ဖြင့်သော်လည်းကောင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။