(ဇ)-ရခိုင်ပြည်နယ်(၁၇)မြို့နယ်တွင်(၂၄)နာရီမီးရ ရှိရေးမည်သို့ဆောင်ရွက်ထားသည်ကိုသိလိုခြင်းနှင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာပေါင်း (၅၀) ခန့်ကို လျှပ်စစ်မီးရရှိနိုင်ရန်ဆောင်ရွက်ပေး မည့်အစီအစဉ်ရှိ/မရှိသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေး ခွန်း
ရခိုင်ပြည်နယ်တွင် မြို့နယ် (၁၇) မြို့နယ်ရှိပြီး မာန်အောင်မြို့နယ်ကလွဲပြီး ကျန် (၁၆) မြို့နယ်သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကစပြီး မဟာဓာတ်အားလိုင်းက (၂၄) နာရီ မီးရရှိနေပြီဖြစ်ပါကြောင်း၊ မာန်အောင်မြို့နယ်တစ်ခုသာ (၂၄) နာရီ မီးမရရှိ၍ ဒီဇယ်အင်ဂျင်စက်နှင့် မြို့အတွက် (၅) ရပ်ကွက်သာ ညနေ (၆) နာရီမှ (၁၀) နာရီ၊ နံနက် (၄) နာရီမှ (၆) နာရီ စုစုပေါင်း နေ့စဉ် (၆)နာရီသာ မီးရရှိပါကြောင်း၊ လျှပ်စစ်မီးဖိုး ပေးဆောင်နေရသူမှာလည်း တစ်ယူနစ်ကို ၄၀၀ မှ ၅၀၀ ကျပ်အထိ မီးလင်းရေးအဖွဲ့က ကောက်ခံနေသည်ကို ပေးသွင်းနေကြရပါကြောင်း၊ မာန်အောင်မြို့နယ်တွင် ကျေးရွာကြီး/ကျေးရွာငယ်ပေါင်း ၁၈၆ ရွာရှိသည့်အတွက် မဟာဓာတ်အားလိုင်းက လျှပ်စစ်မီးရရင် တစ်မြို့နယ်လုံးမီးလင်းနိုင်ပါကြောင်း၊ ထိုသို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးမရရှိပါက အခြားနည်းလမ်းများဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း မြို့နှင့် နီးကပ်စွာ တည်ရှိနေသော ကျေးရွာပေါင်း (၅၀) ခန့်ကို ဆိုလာမီးစနစ်ဖြင့်ဖြစ်စေ မီးလင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။