(ဃ)-ညောင်ရွှေမြို့နယ်အတွင်းရှိအင်းတိမ်-မှော်ဘီ လမ်းအား အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အတွက် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန်အစီ အစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-21

ဦးဝင်းဆွေ ( ညောင်ရွှေ မဲဆန္ဒနယ်)ညောင်ရွှေမြို့နယ်အတွင်းရှိ ခေါင်တိုင်- အင်းတိန်- မှော်ဘီလမ်းသည် ၂၉ မိုင်ရှည်လျားသော လမ်းဖြစ်ပြီး ခေါင်တိုင်မှအင်းတိန်ရွာအထိ လမ်းပိုင်းကိုမူရှိပြီးသား မူလလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးပြီးဖြစ်ရာ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့လာသော်လည်း အင်းတိန်ရွာမှ မှော်ဘီအထိ လမ်းပိုင်းမှာမူ မြေသားလမ်းသာဖြစ်နေပါသဖြင့် ရာသီမရွေးသွားလာရန် ခက်ခဲနေကြပါကြောင်း၊ သို့ဖြစ်ပါ၍ ခေါင်တိုင်- အင်းတိန်- မှော်ဘီလမ်းပိုင်းရှိ အင်းတိန်- မှော်ဘီလမ်း ပိုင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။