(စ)-ဟိုပုန်းမြို့နယ်၊မဲနယ်တောင်၊ တောင်ပေါ်ဒေသ ရှိ ပြည်သူများအတွက်မြေသားလမ်း၊တံတား များနှင့်သောက်သုံးရေရရှိရေးကိုမည်သို့စီစဉ်ဆောင် ရွက် ပေးမည် နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-21

ဦးခွန်သိန်းဖေ (ဟိုပုံး)ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုန်းမြို့နယ်၊ မဲနယ်တောင်တောင်ပေါ်ဒေသရှိ ပြည်သူများ ဆက်သွယ်သွားလာရေး ခက်ခဲလျက်ရှိရာ ယခင်ဘဏ္ဍာနှစ်၌ ကျောက်ကခြား၊ လိန်းကလ၊ ထိသန်းလိတ် တောင်ပေါ်ဒေသရှိ ပါခက်၊ ပန်ကလားကျေးရွာများသို့ ဆက်သွယ်သွားလာသည့် မြေသားလမ်းကို နိုင်ငံတော်မှ ဖောက်လုပ်ပေးခဲ့ရာ ပြည်သူများများစွာ ဝမ်းသာအားရဖြစ်လျက်ရှိပါကြောင်း၊ ယခုအခါ အဆိုပါလမ်းနှင့် ချိတ်ဆက်ထားသည့် ပါခက်- ပန်ကလား- ဗန်းစောင်းလမ်း၊ လိန်းကလ- ဟိုက်နွဲလမ်း လမ်းနှစ်လမ်းကို မြေသားလမ်းအဖြစ် ထပ်မံဆန္ဒပြုလာကြပါသည်။ တစ်ဆက်တည်းမှာပင် အဆိုပါ လမ်းပေါ်ရှိတံတားများကိုလည်း လမ်းများရေရှည်ခိုင်ခံ့တည်တံ့စေရန် နိုင်ငံတော်မှထပ်မံတည် ဆောက်ပေးရန် လိုလားလျက်ရှိနေကြပါသည်။ ထို့အပြင် မဲနယ်တောင်ထိပ် လိန်းကလရွာသည် သောက်သုံးရေ အခက်အခဲရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ ဖော်ပြပါမဲနယ်တောင် တောင်ပေါ်ဒေသနေ ပြည်သူများ သွားလာရေးအတွက် မြေသားလမ်းနှင့် ၎င်းလမ်းကြောင်းပေါ်ရှိ တံတားများအပြင် ရွာသူရွာသားများ သောက်သုံးရေရှိရေးကို နိုင်ငံတော်မှမည်ကဲ့သို့  စီမံဆောင်ရွက်ပေးမည်ကို သိရှိ လိုပါကြောင်း မေးမြန်းပါသည်။