(ဂ)-အုတ်တွင်းမြို့နယ်၊ပြည်သူ့အားကစားကွင်းဘော လုံးပွဲကြည့်စင်အား ပြု ပြင်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
2020-12-21
အားကစားကွင်းနှင့် အားကစားရုံများအတွက်ကို SEA Game ပြိုင်ပွဲရှိသည့်အတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ပါကြောင်း၊ သို့သော်လည်း မိမိတို့အနေနှင့် စေတနာရှင်၊ အလှူရှင်များပေါင်းပြီး အားကစားကွင်းအတွင်းပြုပြင်ခြင်း၊ ခြံစည်းရိုးကာခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပွဲကြည့်စင်အနေဖြင့် အုတ်တိုင်များဆွေးမြေ့ခြင်း၊ အမိုး၊ အကာ၊ အခင်းများပျက်စီး ယိုယွင်းခြင်းများ ရှိနေသည့်အတွက် ဘောလုံးပွဲလာရောက်ကြည့်ရှုသော ပရိသတ်များအတွက်များစွာ အန္တရာယ်ကြီး လာပါကြောင်း၊ အုတ်တွင်းမြို့နယ် ပြည်သူ့အားကစားကွင်းရှိ ဘောလုံးပွဲကြည့်စင်အား ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြုပြင်ပေးမည်ဖြစ်ကြောင်းနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။