(င)-မော်လမြိုင်မြို့နှင့် ရေး ရထားလမ်းတွင် ဂျပန်မှ အထူးတွဲများ ပြေးဆွဲရန်နှင့်ရထားလမ်းများကိုခေတ် မီအောင် ပြင်ဆင်ရန်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း
2020-12-21
မော်လမြိုင်နှင့်ရေးသည် မိုင် ၁၀၀ ကျော်ကွာဝေးပြီး ကားလမ်းနှင့်ရထား လမ်းရှိပါသော်လည်း ယခုအခါ ဒေသခံပြည် သူများသည် ကားလမ်းကိုသာ အသုံးပြုသွားလာခြင်းများပါကြောင်း၊ ထို့ကြောင့် ရထားလမ်းကို လူစီးများနိုင်ရန် အတွက် မော်လမြိုင်-ရေးရထားလမ်းတွင် ဂျပန်ပြည်မှ ရထားတွဲများကို ဆွဲပေးပါက သွားလာရေးပိုမို အဆင်ပြေမည်ဖြစ်ပါကြောင်း၊ ထို့သို့ပြေးဆွဲရာတွင်လည်း ပြေးဆွဲလိုပါကြောင်း၊ ထို့ကြောင့် ရေးနှင့်မော်လမြိုင် ရထားလမ်းတွင် ဂျပန်ပြည်မှ ရထားတွဲများနှင့် ပြေးဆွဲရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အချိန်တွင်ပြေးဆွဲပေးမည်းကိုလည်းကောင်း၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် မပြေး ဆွဲနိုင်သည်ကို လည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။